မြောက်ဦးမြို့၌ သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြော




MNP ၊  ဩဂုတ်  ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပ ညာပေးဟောပြောခြင်း ကို ကြက်ဈေးရပ်ကွက် အ.မ.က(မူလွန်) ကျောင်း၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ဟော ပြောခဲ့ကြောင်း သိရသည်။


မြို့နယ်မီးသတ်ဦးစီးဌာန မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို  ရေဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသက် ကယ်အင်္ကျီ (Life Jacket) များစနစ်တကျဝတ်ဆင် အသုံးပြုတတ် စေရန်အတွက် မီးသတ် တပ်ဖွဲ့ဝင်များမှ လက် တွေ့သရုပ်ပြသခြင်း၊ ကျောင်းသား/ ကျောင်းသူများအား (Life Jacket)များ လက်တွေ့ ဝတ်ဆင်ခြင်းများ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ ဒုမီးသတ်ဦးစီးမှူးက ယခုအခါမိုးရာသီ သို့ရောက်ရှိလာပြီဖြစ်၍ ရုတ်တရက် လေပြင်းတိုက် ခတ်ခြင်း၊ ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် Life Jacket စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေးခြင်း များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)