ပုဏ္ဏားကျွန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ



MNP ၊  ဩဂုတ်  ၂၅

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့၊ နေ့လယ်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။ 

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက ဝန်ထမ်းများအား ငွေစာရင်းကျွမ်းကျင်တတ်မြောက် စေရန်ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်းစာအုပ်ပါ ရငွေဆိုင်ရာအခြေခံမူများကို ရှင်းလင်း ပြောကြားခဲ့သည်။


  ဆက်လက်၍ ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်အခန်း(၁)ပါ ရငွေများအား ကိုင်တွယ် ထိန်းသိမ်းခြင်း၊ အသုံးစရိတ်များ ကျခံသုံးစွဲခြင်းနှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ အသုံး စရိတ်သုံးစွဲရန် အဓိကအချက်များနှင့်ငွေစာရင်းထိန်းသိမ်းနည်းနှင့် ငွေစာရင်းဆိုင်ရာ စည်းကမ်းချက်များကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)