MNP ၊ ဩဂုတ် ၂၃
ရခိုင်ပြည်နယ်၊သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ လူငယ်များနှင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ကစာဖတ်ဝိုင်းပြုလုပ်ရသည့်ရည် ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်စောတင့် (ဘာသာပြန်)ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်" တွင်ပါရှိသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်း ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့သည်။
၎င်းနောက်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသောမောင်ဖြိုးဝဏ္ဏကျော်ကလမ်းလျှာက်ထွက်ကြမယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မဝင်းသီရိကျော် က သိုက်မြုံမှခွါသောအခါ၊ မောင်ပိုင်ပိုင်စိုးက ရှုမဆုံးတော့သည် ၊ မထူးသဇင်က စကားပြောဖို့ခလုပ်နှိပ်လိုက်ပါ ခေါင်းစဉ်များဖြင့်အသီးသီး ဖတ်ကြားဆွေနွေးခဲ့ကြရာ ဦးစီးအရာရှိ က ဖတ်ကြားဆွေးနွေးမှုများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။
သန့်ဇင်
https://t.me/MyanmarNationalPost



No comments:
Post a Comment