MNP ၊ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထု အခြေပြု ဗဟိုဌာန (Community Centre)၌ Women Club နှင့်စာဖတ်ဝိုင်းကို ယနေ့ န့နက် ၉း၃၀ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်စောတင့် (ဘာသာပြန်)ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်တွင်ပါရှိသည့် “လမ်းလျှောက်ထွက်ကြမယ်” “ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့သည်။
၎င်းနောက်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် Women Club အဖွဲ့ဝင် ဒေါ်ခင်မူ က ရွေ့လျားစက်လှေခါးပေါ်မှသူစိမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ဒေါ်မိုးမိုးအေး က “အချိန်အခါကိုသိပါ” ၊ ဥက္ကဌ ဒေါ်ယဉ်ယဉ်ထွေး က “ထိုတစ်ည”ဒေါ်သင်းသင်းမာ က “မွေးမေမေနဲ့ ကျွေးမေမေ” ခေါင်းစဉ်များဖြင့်အသီးသီး ဖတ်ကြားဆွေနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး က ဖတ်ကြား ဆွေးနွေးမှုများအပေါ် ပြန်လည် ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment