ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး







MNP ၊  ဩဂုတ်  ၁၅

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးသည် စပါးအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနှင့်နွေစပါး စိုက်ဧကစုစုပေါင်း (၅၂၀၁၇၈၀) စိုက်ပျိုးရာမှ ထွက်ရှိလာသောစပါးတင်းပေါင်း (၄၁၆၁၉၀၂၄၆)တင်းကြိတ်ခွဲရာ စပါးခွံတန်ချိန် (၁၈၈၇၈၂၆.၅၇) တန်ထွက်ရှိရာ ယခင်ကမြစ်ချောင်းအင်းအိုင်များတွင် စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးထိခိုက်မှုမှ ကာကွယ်ရန် ယခုအခါစပါးခွံကိုအသုံးပြု၍ စပါးခွံလောင်စာတောင့်စက်ရုံ(၅၀)ရုံ၊ စပါးခွံဓါတ်ငွေ့သုံး (Gasifier) ဖြင့် လည်ပတ်နေသော ဆန်စက်(၅၄၃)ရုံ၊ စပါးခွံဘွိုင်လာမှ ရေနွေးငွေ့တာဘိုင်သုံး လျှပ်စစ်ထုတ်စက်ရုံ (၄) ရုံ၊ ရောင်နီ အရက်ချက်စက်ရုံ (မြန်အောင်) (၁)ရုံ၊ စပါးခွံအသုံးပြု၍ ဘွိုင်လာနှင့်လည်ပတ်နေသော ဆန်စက်၊ အစာတောင့်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အရက်ချက်စက်ရုံ၊ ငါးပေါင်းအမှုန့်ကြိတ်စက်အပါအဝင် စုစုပေါင်းဘွိုင်လာ (၂၃၉) ရုံ အသုံးပြုလည်ပတ်နေပြီဖြစ်၍ ဝင်ငွေအကျိုးအမြတ်ရရှိလျက် လူမှုစီးပွားဘဝ အထောက်အကူပြုရုံ သာမက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နိုင်ငံတော်အကြီးအကဲများအနေဖြင့်လည်း Gasifier ဖြင့် လျှပ်စစ်ထုတ်လုပ်သည့်လုပ်ငန်းများကို စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှဦးဆောင်ကာ အားပေးမြှင့်တင်ဆောင်ရွက် သင့်ကြောင်း လမ်းညွှန်ထားသဖြင့် Gasifier အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် Gasifier လျှပ်စစ်ထုတ်စက်များ အသုံးပြုမှုအများဆုံးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး နှင့်ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည့်ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကိုထပ်မံကျင်းပ၍ Gasifier လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြ သည်။


စပါးခွံကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေမှာ Gasifier အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်(၅၄၃)ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ တစ်ရုံလျှင်(0.2MW)ဖြစ်၍ ဆန်စက် (၅၄၃)ရုံအတွက် စက်တပ်အင်အား(108.6)MW၊ စပါးခွံဘွိုင်လာအသုံးပြု၍ Stream Turbine များဖြင့် လျှပ်စစ်ထုတ်စက်များ(Willmar 2.2MW၊ Mapco 1.8MW၊ SSBE 1.0MW) (၂)ရုံမှ စုစုပေါင်းလျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်မှု တပ်ဆင်အင်အားမှာ(6)MW၊ ပန်းတနော်မြို့နယ်ရှိ GLobal Earth Agro&Aqua Industry Public Co;Ltdမှ ထပ်မံတည်ဆောက်လျှက်ရှိသော စပါးခွံဓာတ်ငွေ့သုံးလျှပ်စစ်ထုတ်စက်(၂၄)လုံးမှ လျှပ်စစ်ဓာတ်ထုတ်လုပ်နိုင်မှု (12MW) ဖြစ်ပြီး စပါးခွံဘွိုင်လာ Stream Turbine လျှပ်စစ်ထုတ်စက် (၂) လုံးမှ(30MW) စုစုပေါင်း လျှပ်ဓာတ်ထုတ်လုပ်နိုင်မှု(42MW)၊ စပါးခွံမှစုစုပေါင်း လျှပ်စစ်ဓာတ်ထုတ်စက်များ၏ ထုတ်လုပ် နိုင်မှုအင်အား (156.6MW) ရရှိမည်ဖြစ်သည်။ တိုင်းဒေသကြီးအတွင်း ဆန်ကြိတ်ခွဲရာမှထွက်ရှိသည့် စပါးခွံတန်ချိန် (၁၈) သိန်းကျော်ရှိသည့်အနက် စပါးခွံလောင်စာတောင့်စက်ရုံ၊ လျှပ်စစ်ထုတ်စက်ရုံများနှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် သုံးစွဲနေမှုစုစုပေါင်းတန်ချိန် (၁၃) သိန်းကျော်သုံးစွဲလျှက်ရှိရာ တန်ချိန်ငါးသိန်း ကျော်ကျန်ရှိမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်စီးပွားရေးကော်မတီ အစည်းဝေးအမှတ်စဉ် (၆/၂၀၂၃) တွင် နိုင်ငံတော်အကြီးအကဲမှ "စပါးခွံ ဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးလုပ်ငန်းသည် မိမိတို့နိုင်ငံအနေဖြင့်ဆောင်ရွက်သင့်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ကြစေလိုကြောင်း" လမ်းညွှန်မှာကြားမှုများကြောင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့်ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်များလာရောက်၍ တိုင်းဒေသကြီးအတွင်း(Gasifier)လျှပ်စစ်ထုတ်စက် တပ်ဆင်အသုံးပြုသောဆန်စက်များနှင့် အခြားစီးပွားရေးလုပ်ငန်း များကို ကွင်းဆင်းလေ့လာခဲ့ပြီး ၂၉.၇.၂၀၂၃ရက်နေ့တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။


စပါးခွံလောင်စာသုံး ဓာတ်အားပေးစက်များ ဖွံဖြိုးတိုးတက်ရေးနှင့်နည်းပညာဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Gasifier လျှပ်စစ်ထုတ်စက်အသုံးပြုသူများ စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ကာဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်နှင့် သြဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့ ဦးဆောင်ကြီးကြပ်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများလိုက်ပါ၍ Gasifier အသုံးပြုဆန်စက်များမှ ထွက်ရှိသော ရေဆိုးများကို ပြန်လည်သန့်စင်ရန် ရေဆိုးစစ်ကန်ကို အုတ်ကျိုး၊ ဖွဲပြာ၊ ဗေဒါ၊ မီးသွေး အဆင့်လေးဆင့်ဖြင့် စနစ်တကျစစ်ထုတ်ကာ Recycle ပြုလုပ်ပြီး ရေသန့်ပြန်လည်ရရှိရေး၊ ရေဆိုးစစ်ကန်များ စနစ်တကျပြုလုပ် ၍ လည်ပတ်နိုင်ရေး၊ လျှပ်စစ်အင်ဂျင် သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရေး၊ Gasifier ဓာတ်ငွေ့တွင် ကတ္တရာပါဝင်မှုလျော့ကျစေရေး နည်းပညာအသစ်များအသုံးပြု၍ ဆောင်ရွက်သွားရန်ဆန်စက်ရှိဝန်ထမ်းများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေး၊ အနံဆိုးများမထွက်စေရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် Gasifier ဖွံဖြိုးတိုးတက်ရေး၊ နည်းပညာအဆင့်မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိကြသည်။


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို မိမိတို့တိုင်းဒေသကြီးမှ တစ်ဖက်တစ်လမ်းကအထောက်အကူပြု၍ အဓိကကျသော လျှပ်စစ်ဓာတ်အားရရှိခြင်းဖြင့် ဒေသတွင်းကုန်ထုတ်မှုစွမ်းအားများမြင့်တက်၍ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာမည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier ဖြင့် ဆန်စက်ပေါင်း(၅၄၃)ရုံ တွင်စပါးကြိတ်ခွဲထုတ်လုပ်လျှက်ရှိပြီး စပါးခွံဘွိုင်လာသုံး ရေနွေးငွေ့အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်စက်ရုံ (၄)ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲလျှက်ရှိသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် Gasifier ဖြင့် ရေတင် ခြင်း၊ ငါးမွေးမြူရေးကန်များတွင် Gasifier လျှပ်စစ်ထုတ်စက်များတပ်ဆင်ခြင်းတို့ဖြင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားကို အထောက်အကူပြု တစ်ပိုင်တစ်နိုင်အသုံး ပြုလျှက်ရှိနေကြပြီဖြစ်သည်။Gasifier များဖွံဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်မှလိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးအတွင်း အနာဂတ်မှာလည်း စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။


မင်းမြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)