ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အစိုးရရုံးဌာနများ၊ ဝန်ထမ်းအိမ်ယာများကို KNU နှင့် PDF အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အစိုးရရုံးဌာနများ၊ ဝန်ထမ်းအိမ်ယာများကို KNU နှင့် PDF အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိ


MNP ၊ သြဂုတ် ၁၂

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အစိုးရရုံးများနှင့် ဝန်ထမ်းအိမ်ယာများကို KNU နှင့်  PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များက ယမန်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် ဗုံးခွဲဖျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နေရာကို တာဝန်ရှိသူများက  ရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်ရာ လဝကရုံးတွင်း၌ ဖောက်ခွဲရန်ကျန်ရှိနေသည့် မိုင်း ၄ လုံးအား တွေ့ရှိ ရှင်းလင်းခဲ့ရကြောင်း၊ KNUနှင့် PDF ဗုံးခွဲဖျက်စီးခဲ့မှုကြောင်း ဖာပွန်မြို့ရှိ အစိုးရရုံးများဖြစ်သော ခရိုင်လဝကရုံး၊ စာရင်းစစ်ရုံး ၊ အခွန်ရုံး၊ ထွေအုပ်ဝန်ထမ်းအိမ်ယာ၊ လဝကခရိုင်မှူးနေအိမ်တို့ ပျက်စီးခဲ့ပြီး လူ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

ဖာပွန်မြို့ရှိ အစိုးရဝန်ထမ်းများမှာ KNU/PDF အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုများကြောင့် မနေရဲကြဘဲ ရှောင်နေကြကြောင်း၊ မြို့ပေါ်တွင် ဖာပွန်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများသာ ကျန်ရှိကြောင်း၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများတွင် လူ၊ ပစ္စည်းများ မရှိကြတော့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)