MNP ၊ ဩဂုတ် ၁၉
လားရှိုးမြို့ရှိ MSME စားသောက်ကုန်လုပ်ငန်းရှင်များအား FDA မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနရှိ အစည်အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
သင်တန်းတွင် လားရှိုးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ယာယီတာဝန်ခံ ဒေါ်မြသန္တာစိုးက အဖွင့်အမှာစကားပြောကြားပြီး စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးလွင်ဦးက ဌာနနှင့်ဆက်စပ်သည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ယာယီခရိုင်ဦးစီးမှူး ဦးကြည်မော်က စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းငယ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး လားရှိုးခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ယာယီတာဝန်ခံ ဒေါ်မြသန္တာစိုး MSME စားသောက်ကုန်လုပ်ငန်းရှင်များအား FDA မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းပြောကြားရာ သင်တန်းသို့ တက်ရောက်လာကြသူများက မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment