MNP ၊ သြဂုတ် ၁၀
ရွှေဘိုမြိုနယ်အတွင်း နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့အစည်းများက ဆက်ကြေးကောက်ပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ကိုသိလျက်နှင့် သက်ဆိုင်ရာကို သတင်းပေးပိုရန် ပျက်ကွက်ခဲ့သည့် တရားခံ ခိုင်ဝါလွင် အား ယမန်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၉၅) ဦးအား ပြစ်ဒဏ်များချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment