MNP ၊ သြဂုတ် ၁၁
ဘုတလင်မြိုနယ် မောင်းထောင်းကျေးရွာအနီး ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လုံခြုံရေးအဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် PDF အကြမ်းဖက်မိစ္ဆာများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂ လုံးတို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရက PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသူများ လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် စီစဉ်ပေးထားပြီး လက်နက်တန်ဖိုးအလိုက် ဆုငွေများ ချီးမြှင့်ပေးလျက်ရှိပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များဆက်လက် ကျူးလွန်နေသူများကိုလည်း နှိမ်နင်းဆောင်ရွက်လျက် ရှိသည်။
#MyanmarNationalPost

No comments:
Post a Comment