ကျွန်းလှမြို့နယ်၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ


MNP ၊  ဩဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဒေါ်ကြည်ကြည်မြင့်၏ လယ်မြေ၌ ကျင်းပကြောင်း သိရသည်။


ကွင်းသရုပ်ပြပွဲတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်နည်စနစ်မှန်ကန်ရေး၊ သီးထပ် သီးညှပ်စိုက်ပျိုးရေးတို့ကို ပြောကြားပြီး ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက SRI စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရာတွင်ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများစိုက်ပျိုးနိုင်ကြောင်း၊ ကျန်းမာသန်စွမ်းသောအပင်များ ဖြစ်ပေါ်စေသည့်အတွက် အထွက်နှုန်းကောင်းမွန်ကြောင်း၊ အရင်းအနှီးလုပ်အားခနှင့် ရေအကန့်အသတ်ရှိသူများအတွက် အကျိုးအမြတ် ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။


အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။


ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀‌၂‌၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် ၃၄၀၉၃ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၂၄၀၅၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မျိုးစေ့ထုတ်ကွက် ဧက၂၀၀၊ ပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက် ဧက ၁၀၀နှင့် SRI နည်းစနစ်ဖြင့် ၅ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မျိုးဝင်းညို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)