MNP ၊ ဩဂုတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အောင်အင်းလေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ ၂ထပ် RCC နှစ်ထပ်ကျောင်းဆောင်များ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ညနေ ၃နာရီက အမှတ် (၅) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲရှိ အဆိုပါကျောင်းဆောင်သစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အောင်အင်းလေးဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာဦးစည်သူငြိမ်းက အဆောက်အဦများနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ကိုမြတ်က လက်ခံရယူခဲ့သည်။
ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ကိုမြတ်က နမ့်စန်မြို့ အမှတ် (၅) ရပ်ကွက် အ.ထ.က-ခွဲ ကျောင်းနှင့်ခိုလမ်မြို့ အ.ထ.က ကျောင်းတို့၏ အဆောက်အဦလွှဲပြောင်းခြင်း ဆိုင်ရာစာရွက်စာတမ်းများကို ဆက်လက်ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီး ၂ဦး ကလက်ခံရယူခဲ့သည်။
အဆိုပါ နမ့်စန်မြို့အမှတ် (၅) ရပ်ကွက်အ.ထ.က-ခွဲ ကျောင်းနှင့် ခိုလမ်မြို့ အ.ထ.က ကျောင်းတို့၏ အလျား ၁၄၀ ပေ ၊ အနံ ၃၀ ပေ ၂ထပ် RCC နှစ်ထပ်ကျောင်းဆောင် အဆောက်အဦ ၂ခုကို ညောင်ရွှေမြို့အခြေစိုက်အောင်အင်းလေး ကုမ္ပဏီက ၂၀၂၂၃-၂၀၂၃၄ခု ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (၃၂၅.၉၆၂)ကျပ်သန်းဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူရအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment