မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်




MNP ၊  ဩဂုတ်  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ ခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဌာဆိုင်ရာအဆောက်အအုံများ၊ လမ်း၊ တံတားလုပ်ငန်းများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ရသည့်လုပ်ငန်းများ ဖြစ်သည့်အတွက် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ သက်ဆိုင်ရာဌာနအကြီးအကဲများအနေဖြင့် လုပ်ငန်းမစတင်မီ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံ၍ လိုအပ်သည့် လုပ်ငန်းလမ်းညွှန်မှုများ ဆောင်ရွက်ရေး၊ တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် မိမိဒေသဖွံ့ဖြိုးရေးအတွက် စေတနာအဓိကထား၍ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီမှ လာရောက်စစ်ဆေးချိန်တွင် လိုအပ်သည့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပြီးစီးကြောင်း အချိန်မီတင်ပြရေး စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြင်မောင်စန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ ကြသည့် တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိသူတို့က လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ပြင်ဆင် နေမှုနှင့် လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


မြင့်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)