ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး




MNP ၊  ဩဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အတူ ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေး မွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များ၊‌ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း မိုးစပါးနှင့်မိုးရာသီဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ထားမှုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ခရိုင်စိုက်ပျိုးရေးနှင့်မွေးမြူရေး ကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်အဖွဲ့ဝင်များလိုက်ပါ၍ ပေါက်ခေါင်းမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သဖန်းချိုကျေးရွာအနီး နွေစပါးစိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် PK-1 မြောင်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက RPF စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လေးကြီးကျေးရွာ တောင်သူဦးလှဦးနှင့် ဒေါ်စိန်လေးတို့၏ မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများနှင့် တာကောက်ကျေးရွာ တောင်သူဦးရဲလွင်ဌေး၏ယာမြေ ၂ ဧကတွင် မိုးမြေပဲ (ဗီယက်နမ်) မျိုး စိုက်ပျိုးအောင်မြင်မှုနှင့် ငါးခူအိုင်ကျေးရွာအုပ်စုတွင် မိုးစပါးများစိုက်ပျိုးပြီးစီးသည့် အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)