ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်ရုပ်မြင်သံကြားဌာန (YNTV) သို့ သွားရောက်လေ့လာ CGTN နှင့် “ပေါက်ဖော်” မဂ္ဂဇင်းတို့၏ မေးမြန်းမှုများကို ဖြေကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်ရုပ်မြင်သံကြားဌာန (YNTV) သို့ သွားရောက်လေ့လာ CGTN နှင့် “ပေါက်ဖော်” မဂ္ဂဇင်းတို့၏ မေးမြန်းမှုများကို ဖြေကြား



MNP ၊ ဩဂုတ် ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ယူနန်ရုပ်မြင်သံကြားဌာန (Yunan Television YNTV) သို့ သွားရောက် လေ့လာရာ YNTV မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ယူနန်ရုပ်မြင်သံကြားဌာနကို ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်တည်ထောင် ခဲ့ပြီး ရုပ်သံလိုင်း (၁၀)ခုဖြင့် ထုတ်လွှင့်လျက်ရှိကာ ရုပ်သံဇာတ်လမ်းတွဲများသည် တရုတ် နိုင်ငံအပါအဝင် ယူနန်ပြည်နယ်သို့ ကမ္ဘာလှည့်ခရီးသွားများ တိုးပွားလာစေရေးကို ကောင်းစွာ အထောက်အကူပြုကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယူနန်ရုပ်မြင်သံကြား ပြတိုက်ထုတ်လွှင့်မှုဆောင်ရွက် လျက်ရှိသည့် Studio များကို လှည့်လည်ကြည့်ရှုကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ယူနန် ရုပ်မြင်သံကြားတို့အကြား ယခင် ပူးပေါင်း ဆောင်ရွက်ခဲ့မှု၊ ယခုပူးပေါင်းလုပ်ဆောင်နေမှုများနှင့် ရုပ်သံကဏ္ဍအပါအဝင် မီဒီယာကဏ္ဍများတွင် ပိုမို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိထိရောက်ရောက် ဖြစ်စေရေးဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ယူနန်ရုပ်မြင်သံကြားနှင့် ဇာတ်လမ်းတွဲများ မြန်မာ စာတန်းထိုး၍ပြသခြင်း၊ လှပသော မြန်မာ (Beautiful Myanmar) Promo Video Short Clip ရိုက်ကူးခြင်းအပါအဝင် ပူးပေါင်း ဆောင်ရွက်လျက် ယူနန်ရုပ်မြင်သံကြားဌာနက ဆောင်ရွက်လျက်ရှိသော “လန်ချန်း-မဲခေါင် Look App” တွင်လည်း မဲခေါင်- လန်ချန်း အဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ပါဝင်နိုင်ရေး ဆက်လက်လုပ်ဆောင်ရန် သဘော တူထားပြီးဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက China Global Television Net (CGTN) နှင့်လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ပေါက်ဖော်မဂ္ဂဇင်းနှင့် လည်းကောင်း လက်ခံတွေ့ဆုံပြီး သိရှိလိုသည်များ မေးမြန်းမှုများ အပေါ် ပြန်လည် ဖြေကြားခဲ့သည်။

ထို့အပြင် မဲခေါင် - လန်ချန်း အက်ပလီကေးရှင်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍လည်း ဝမ်းမြောက်ကြောင်း မုဒိတာစကား ပြောကြားခဲ့သည်။ ယင်းအက်ပလီကေးရှင်းကို တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းဘာသာစကား တို့ဖြင့် စတင်စမ်းသပ်ထုတ်လွှင့်နေပြီဖြစ်ပြီး ၂၀၂၅ခုနှစ် အကုန်တွင် မဲခေါင်-လန်ချန်း အဖွဲ့ဝင်အားလုံး ပါဝင်သည့် အက်ပလီကေးရှင်းဖြစ်စေရေး ရည်ရွယ်လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကူမင်း ဆေးဘက်ဆိုင်ရာတက္ကသိုလ် ( Kunming Medical University) သို့ သွားရောက်လေ့လာခဲ့ရာ တက္ကသိုလ်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ယင်းတက္ကသိုလ်ကို ၂၀၁၆ ခုနှစ် တွင် ယူနန်ဆေးဘက်ဆိုင်ရာ ကောလိပ်အဖြစ်မှ ၂၀၁၂ ခုနှစ် တွင် ကူမင်းဆေးဘက်ဆိုင်ရာ တက္ကသိုလ်အဖြစ်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၆ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် Independent Medical Education Institutions မှ စတင်အခြေတည်ကာ အဆင့်ဆင့် တိုးတက်ဖွဲ့စည်းခဲ့သည့် တက္ကသိုလ် တစ်ခုဖြစ်ပြီး အခြားဆေးတက္ကသိုလ် ပေါင်း(၉၀)ကျော်နှင့် သင်ကြားမှုဆိုင်ရာများတွင် လည်းကောင်း၊ ဆေးသုတေသန လုပ်ငန်းများ အတွက် (၂၉)နိုင်ငံ နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ယင်းတက္ကသိုလ်က မွေးထုတ်ပေးလိုက်သော ပါရဂူဘွဲ့၊ မာစတာဘွဲ့၊ ဒေါက်တာဘွဲ့၊ ဆေးဘက်ဆိုင်ရာနှင့် ဆက်စပ်သည့် ဘွဲ့ရပညာ တတ်များသည် တရုတ်နိုင်ငံ၏ ဝေးလံခေါင်သီသော နေရာများနှင့် အခြေခံ လူတန်းစားတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ထိရောက်စွာဆောင်ရွက်နိုင် ခဲ့ကြောင်းနှင့် သက်ဆိုင်ရာဒေသ များ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးများ၊ ဒေသ တည်ငြိမ် အေးချမ်းရေးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေရန်တို့အတွက် ထိရောက်စွာ အထောက်အပံ့ပြုနိုင်ခဲ့ကြောင်း၊ ဆေးပညာအပါအဝင် ဆေးပညာနှင့် ဆက်စပ်သည့်ဘာသာရပ် များကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)