မော်စကို၊ စက်တင်ဘာ ၂၉
နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးသို့ မော်စကိုကို ဖိတ်ကြားခြင်းမပြုရန် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ကို ပေကျင်းက ကန့်ကွက်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Hanhui က TASS သို့ ပြောကြားခဲ့သည်။
“သူတို့က နိုင်ငံတကာ ကျင့်ထုံးတွေကို ချိုးဖောက်နေတယ်။ အိမ်ရှင်နိုင်ငံအနေနဲ့ ဒီပွဲတွေကို စီစဉ်ပြီး ယေဘူယျ လက်ခံထားတဲ့ နိုင်ငံတကာ ကျင့်ထုံးတွေအရ APEC အဖွဲ့ဝင်အားလုံးနဲ့ တန်းတူညီမျှ အပြည့်အ၀ ဖိတ်ခေါ်ပေးဖို့ လိုအပ်တယ်။ ရုရှားကို ခွဲခြားဆက်ဆံတာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်” ဟု သံတမန်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုရန် ဝါရှင်တန်၏ ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပေးခဲ့ပြီး အဖွဲ့အစည်း၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဝါရှင်တန်အနေဖြင့် ၎င်း၏တာဝန်ဝတ္တရားများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန် မော်စကို က ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။ APEC ဆွေးနွေးပွဲကို "မိမိကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတစ်ခုတည်းက သိမ်းပိုက်ခြင်း မပြုနိုင်" ဟု သူမက အလေးပေးပြောကြားခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment