ငပုတောမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး


MNP ၊  စက်တင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင် ဦးစိုးဝဏ္ဏဝင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာ ရွှေထွန်းဦး၊ စာသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင်မြင့်စန်းတို့က လူတန်းစား များအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးများအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် ငပုတောမြို့ တောင်ပိုင်းရပ်ကွက်၌ ရောင်းချပေးခဲ့သည်။


ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံလူတန်းစားများအတွက် စားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေး အတွက် စားအုန်းဆီရည်ညွှန်းစျေး တစ်ပိဿာလျှင် (၄၈၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ငါးဆယ်ကျပ်သားနှုန်း၊ ငပုတော မြို့နယ် ဆန်စပါးလုပ်ငန်းရှင် များအသင်းမှ (ဆင်းသုခ) ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုန်း၊ ငပုတောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ ငါးလုံးလျှင် (၁၁၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ကြက်ဥ‌လေးလုံး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးတန်၊ ငါးမုတ်(၁) ပိသာ(၇၀၀ဝိ)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)