ရွှေပြည်သာ (၉)ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ဓားမြတိုက်မှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာ (၉)ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ဓားမြတိုက်မှုဖြစ်


MNP ၊ စက်တင်ဘာ ၉

ရွှေပြည်သာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ မြမာလာပန်းခြံ၊ အိမ်အမှတ် (၇၃/ ခ) အိမ်ရှင်ဒေါ်သန်းမြင့် နေအိမ်တွင်ရှိနေစဉ် ယနေ့ နံနက် ၉ နာရီအချိန်တွင် အမည်မသိ အကြမ်းဖက်သမားများ ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ ရွှေ၊ ငွေများ ဓားမြတိုက် ယူဆောင်သွားကြောင်း သိရသည်။

Mask အမဲ တတ်ထားသူ အကြမ်းဖက်သမား အမျိုးသား ၆ ဦး အိမ်အတွင်းလမ်းလျောက်ဝင်လာရောက်လာပြီး ဒေါ်သန်းမြင့် နှင့် ဦးဝင်းနိုင် လေဖြတ်နေသူ ၂ ဦး အား သေနက်ဖြင့် ထောက်ပြီး သံဗီဒို နှင့် ကျွန်းဗီဒိုအတွင်းမှ လက်ဝတ်ရတနာများအား ထုတ်ပေးရန်နှင့် ထုတ်မပေးပါက သေနက်ဖြင့် ပစ်သက်မည်ပြောဆိုကာ ၎င်း ဗီဒီအတွင်းမှ စိန်နာကပ်( ၁ )စုံ၊ စိန်လက်စွပ် ( ၁) ကွင်း၊ ဆွဲကြိုး( ၁) ကျပ်ခွဲသား တစ်ကုံး၊ စိန်လောကပ်သီး (၁)  လုံး၊  ရွှေလက်ကောက် (၅) မူးသား (၃) ကွင်းနှင့် ငွေ  ၇ သောင်းကျပ်အား ယူဆောင်၍ ထွက်ပြေးသွားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)