MNP ၊ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ လူငယ်သီတင်းပတ်ပွဲတော် အခမ်းအနားများကို စက်တင်ဘာ ၅ ရက်နေ့မှစတင်ကာ စက်တင်ဘာ ၇ ရက်နေ့အထိ မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ကျင်းပသည်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများကတက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူလေးများအား မိတ်ဆက်မုဒိတာစကားပြောကြားသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးက လူငယ်သီတင်းပတ်ပွဲတော်ကျင်းပရခြင်းများကို ပြောကြားပါသည်။ ၎င်းနောက် ကျောင်းသား/ကျောင်းသူများက လူငယ်ပန်းတိုင်လှမ်းကိုင်နိုင်ဖို့ရာခေါင်းစဉ်ဖြင့် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျန်းမာပျော်ရွှင်ဂီတသဘင်တေးသီးချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။
စက်တင်ဘာ(၇)ရက်နေ့ ညပိုင်းတွင် ဧရာဝတီအဆောင်နှင့် ပုလဲအဆောင်နေကျောင်းသား/ကျောင်းသူများ၏ လက်ရည်တစ်ပြင်တည်းစုပေါင်းမိတ်ဆုံ ညစာစားပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပရာ အခမ်းအနားသို့ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေးနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မအူပင် တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာနီနီဦး၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာရွှေဝါနှင့်ပါမောက္ခများ၊ ဆရာ/ ဆရာမများ ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment