MNP ၊ စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နေပြည်တော် MSME အသင်းတို့စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ စျေးနှုန်းသက်သာစွာ ဆန်ဝယ်ယူနိုင်ရေးအတွက် ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နေပြည်တော် MSME အသင်းအဖွဲ့ဝင်များ၊ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပူးပေါင်း၍ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာမှ ပြည်သူများအား ဆန်တစ်ပြည် ၂၅၀၀ ကျပ်၊ တစ်အိမ်ထောင်လျှင်လေးပြည်နှုန်းဖြင့် အိမ်ထောင်စု ၁၀၀ အတွက် ပြည် ၄၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment