မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ




MNP ၊  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု ဘောလုံးအသင်းများပါဝင်သည့် ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲက မိုင်းရယ်မြို့နယ် မြို့မဘောလုံးကွင်း၌ ကျင်းပသည်။


ဆုချီးမြှင့်ပွဲတွင် နေ့ရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုများကို မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ပါသည်။


ဆက်လက်ပြီး တတိယဆုရရှိသည့် လွယ်ငင်းအသင်းအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ညွန့်မှ တစ်ဉီးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဒုတိယ ဆုရရှိသည့် ရပ်ကွက်(၁)အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်မှ တစ်ဉီးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပထမဆုရရှိသည့် ဟိုယကျေးရွာအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်က ပေးအပ်ပြီး ဟိုယကျေးရွာအသင်းအား ပထမဒိုင်းဆုကြီးကို အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာမှူးက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)