တန့်ယန်းမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်


MNP ၊  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၃) တပ်မတော်ဆေးရုံ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ယမန်နေ့က လုံပုံးကျေးရွာအုပ်စု လွယ်လွမ့်ကျေးရွာ၌ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်မြေခံတပ်နယ်မှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ကျော်နိုင်ဦးနှင့် တပ်နယ်အသီးသီးမှ အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးကဲများက ကြည့်ရှုအားပေး၍ အမှတ်(၃)တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆရာဝန်၊ ဆရာမများက လွယ်လွမ့်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ကျား (၄၅)ဦး၊ မ (၇၇)ဦး စုစုပေါင်း (၁၂၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။        


မင်းလွင်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)