ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် အားကစားဆိုင်ရာ အသိပညာပေးနှင့် သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် အားကစားဆိုင်ရာ အသိပညာပေးနှင့် သရုပ်ပြပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ် (၁)နာရီအချိန်၌ အားကစားဆိုင်ရာ အသိပညာပေးနှင့် သရုပ်ပြပွဲ အခမ်းအနားကျင်းပဆောင်ရွက်သည်။


အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးနှင့် အဖွဲ့၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင် ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် အားကစားကဏ္ဍသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ယခု ဟောပြောပွဲအား စီစဉ်ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့် အမှာစကားပြောကြားပြီး ဖျာပုံခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက အားကစားနည်း နာများ၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကစားကဏ္ဍ၏ အရေးပါပုံများအပါအဝင် အားကစားဆိုင်ရာ များအား အကျယ် တဝင့် ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် ဘိုကလေးပညာရေးဒီဂရီကောလိပ်အတွက် ဖျာပုံခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ အားကစားသမားများမှ ဗိုဗီနမ် အားကစား နည်းဖြင့် သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost




No comments:

Post a Comment