သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီမှ ငဝန်တာ တစ်လျှောက် တာကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီမှ ငဝန်တာ တစ်လျှောက် တာကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး



MNP ၊  စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီမှ စက်တင် ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှ စတင်၍ ငဝန်တာ အမှတ်(၇)၊ အမှတ်(၈)‌ ရေကင်းတာစခန်းများသို့ သွားရောက်ကာ ငဝန်တာ ကြံ့ခိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငဝန်မြစ်ရေကြီးမြင့်မှု ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကော်မတီ အဖွဲ့ဝင်တို့က သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ငဝန်တာ အမှတ်(၇)၊ သင်္ဃန်းပင် ဆိပ်ကျေးရွာအုပ်စု၊ ငဝန်တာ အမှတ်(၈) ရေကင်းတာစခန်းများနှင့် ငဝန်တာတစ်လျှောက်လှည့်လည်ကာ တာထိပ်ပေါ်ရေကျော်ခြင်း၊ ရေပေါက်တူးပေါက်ဖြစ်ပေါ်ခြင်း၊ တာအိတာလျောခြင်း၊ သဲဗွက်ထခြင်း၊ ရေစိမ့် ဝင်ရောက်မှုရှိ/မရှိနှင့် တာကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ကျပုဂ္ဂိုလ် များအား ထူးခြားဖြစ်စဥ်တွေ့ရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြရန်၊ လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့ကြောင်း (နေ့လယ် ၁၂ နာရီအချိန်တိုင်းတာချက်အရ (၁၉.၅၀) ပေတွင် ရေပြင်မှ တာဘောင် အမြင့် (၅)ပေ ကျန်ရှိပြီး ငဝန်မြစ်ရေသည် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန် တိုင်းတာချက် အရ (၁၉.၄၅)ပေ၊ နေ့လယ် ၁၂ နာရီအချိန် တိုင်းတာချက်အရ (၁၉.၅၀)ပေသို့ ရောက်ရှိနေသဖြင့် စိုးရိမ်ရေ အမှတ်မှာ (၁၈.၀၀)ပေ သတ်မှတ်ထား လျက်ရှိကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)