MNP ၊ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉နာရီကစတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သက်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင်ထုတ်ပေးလျက်ရှိရာ နံနက်၉း၀၀နာရီမှမွန်းလွဲ ၂း၀၀ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီးအငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင် ( ၇၉၅) ဦး၊ကာကွယ်ရေးပင်စင် ( ၁၀၅၃) ဦး၊ နိုင်ငံရေးပင်စင် ( ၁၁၂) ဦး၊ဘဏ်ပင်စင် ( ၁၇) ဦး စုစုပေါင်း ( ၂၃၇၇) ဦးရှိကြောင်းသိရသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးခြင်းကို ကိုဗစ် - ၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီသက်တောင့်သက်သာစိတ်အေးချမ်းစွာဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment