ပုပ်ရင်တော့ဖြင့် ကြွေမှာမလွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုပ်ရင်တော့ဖြင့် ကြွေမှာမလွဲ



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အစိုးရဖြစ်တည်လာခြင်းအပေါ် ကောင်းစွာ သဘောပေါက်နားလည်တယ်ဆိုရင်ဖြင့် ဥပဒေမဲ့ လုပ်ရပ်တွေကို လျှော့နိုင်ရမယ်။ အာဏာအလွဲသုံးစွား လုပ်ပြီး ကိုယ်ကျိုးရှာလိုမှုတွေကို ဆင်ခြင်ရမှာ ဖြစ်ပါတယ်။


ဘာကြောင့်လဲဆိုရင် တပ်မတော်က ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ နစကအစိုးရဟာ ဒီမိုကရေစီအရည်ခြုံ၊ လူ့အခွင့်အရေးအရည်ခြုံ ပြည်သူကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာလိုမှုကို ရှေ့တန်းတင်ပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မသမာသော နည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းခဲ့တဲ့ ပြည်ပသြဇာခံ NLD အစွန်းရောက်တွေကို ဖြုတ်ချပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ယူဆောင်ရွက်နေရခြင်း ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

နစကအစိုးရရဲ့ ဆောင်ရွက်ချက်တွေ ထင်တိုင်းမပေါက် ခရီးမရောက်ဘူးဆိုတာ ပြည်ဖျက်မိစ္ဆာ နီပိန်းများကဲ့သို့ပင် ရာထူးအာဏာရတာနဲ့ တပြိုင်နက် ကိုယ်ကျိုးရှာလိုမှုသာ အဓိကဖြစ်နေတဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လည်း ထင်တိုင်းမပေါက် ခရီးမရောက် ဖြစ်ရတာဆိုရင် မမှားနိုင်ပါဘူး။


လက်တွေ့အားဖြင့် NLD အစိုးရလက်ထက်မှာ အစိုးရအဖွဲ့ကို ဦးဆောင်သူမှအစပြု၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များရဲ့ အဂတိလိုက်စားမှုတွေကြောင့် တိုင်းပြည်အတွက် များစွာနစ်နာဆုံးရှုံးခဲ့ရတာလည်း မျက်မြင်ပါပဲ။ ဒါတွေကို လက်တွေ့ကျကျ အရေးယူဆောင်ရွက်နေတာတွေလည်း မပြီးနိုင်သေးပါဘူး။ ဒီလို ဆောင်ရွက်နေရတဲ့ ကာလမှာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေ ထိန်းသိမ်းခံရတာ၊ ရာထူးတာဝန်က ဖယ်ရှားတာ မထူးဆန်းပါဘူး။


တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေကို စိစစ်ဆောင်ရွက်နေချိန် တစ်နှစ်တာ သက်တမ်းအတွင်းမှာပဲ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် မြေယာအရှုပ်တော်ပုံများမှာ အဂတိလိုက်စားမှုနဲ့ ငြိစွန်းသွားခဲ့ပါတယ်။ အဲဒါက ပိုပြီး ရှက်ဖို့ကောင်းပါတယ်။ ပြည်သူကို ခုတုန်းလုပ်ပြီး ကိုယ်ကျိုးရှာလိုတဲ့ ပြည်ပသြဇာခံ နီပိန်းအစွန်းရောက်များကို အဂတိလိုက်စားမှုများနဲ့ အရေးယူဆောင်ရွက်နေပါတယ်ဆိုကာမှ လူကြီးလူကောင်း အရည်ခြုံထားသူတွေက အဂတိသံသရာထဲ ဝဲသြဂထဲမှာပဲ တဝဲလည်လည် ကိုယ်ကျိုးရှာလိုခြင်းကြောင့် အရေးယူခံရတာ မထူးဆန်းပါဘူးဗျာ။


နစကအစိုးရသက်တမ်း (၂)နှစ်ပြည့် ကာလုံအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ရဲ့ အဂတိလိုက်စားမှု ပမာဏ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များရဲ့ အဂတိလိုက်စားမှု ပမာဏတွေကို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု (၉)မှုမှာ အမေရိကန်ဒေါ်လာ (၄သန်းကျော်)နဲ့ မြန်မာကျပ်ငွေ သန်းပေါင်း(၄၉၂၀၆သန်းကျော်) ရှိတယ်။ ဦးဝင်းမြင့်ရဲ့ အဂတိလိုက်စားမှု (၅)မှုမှာ အမေရိကန်ဒေါ်လာ(၄သန်းကျော်)နဲ့ မြန်မာကျပ်ငွေ သန်းပေါင်း(၂၃၀၄၈သန်းကျော်) ရှိတယ်။ NLD ဗဟိုအလုပ်မှုဆောင်များအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်များရဲ့ အဂတိလိုက်စားမှု ကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးခဲ့ရတဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ (၁၃သန်းကျော်)နဲ့ မြန်မာကျပ်ငွေ (၃၆၁ဘီလီယံကျော်) ရှိတယ်။ ဒီငွေတွေဟာ တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာထဲကို ရောက်ရမယ့် ငွေတွေဖြစ်ပြီး ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေက ရယူသွားခြင်းကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။


တကယ်တော့ မြန်မာနိုင်ငံဟာ မဆင်းရဲပါဘူး။ အစိုးရဘဏ္ဍာတိုက်ထဲကို ရောက်ရမယ့် ငွေကြေး(အခွန်ဘဏ္ဍာ)တွေဟာ ဘဏ္ဍာတိုက်ထဲကို ရောက်မလာဘဲ အစိုးရတာဝန်ရှိ ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး မိသားစုကောင်းစားရေး ကိုယ်ကျိုးရှာလိုသူ ဝိသမလေဘသားတွေ လက်ထဲကိုသာ ရောက်ကုန်တဲ့အခါ တိုင်းပြည်က ဆင်းရဲပြီး အာဏာအရည်ခြုံထားတဲ့ သူတွေပဲ ကြီးပွားချမ်းသာသွားတာ ခေတ်အဆက်ဆက် ဖြစ်နေပါပြီလို့။


တစ်ခါတစ်လေ နစကအစိုးရကို ဝေဖန်ပြောဆိုရတာ အားတော့နာမိတယ်။ ဘာကြောင့်လည်း ဆိုရင် ဘက်ပေါင်းစုံက ပျက်ယွင်းနေတဲ့ ယန္တရားကြီးကို လွယ်လင့်တကူ ပြင်ဆင်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ တပ်မတော်ထဲမှာလည်း ရာထူးအာဏာနဲ့ ပြည်သူကို ခြိမ်းခြောက်ပြီး ကိုယ်ကျိုးရှာလိုတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်ဆိုတာ ငြင်းမရပါဘူး။ ပြင်ဦးလွင်မြို့နဲ့ အနီးတဝိုက် မြေယာပြဿနာတွေမှာသာမက ယခုလို တပ်မတော်က နိုင်ငံတော်တာဝန်များကို ဆောင်ရွက်နေချိန်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ ခရိုင်/မြို့နယ်အဆင့်အထိ တပ်မတော်အရာရှိများကို ယုံကြည်စွာဖြင့် တာဝန်အပ်နှင်းလိုက်တဲ့အချိန်မှာ ပြည်ဖျက်မိစ္ဆာ ပြည်ပသြဇာခံ နီပိန်းများရဲ့ ကိုယ်ကျိုးရှာလမ်းစဉ်နောက်ကို ဖြောင့်ဖြောင့်ကြီး လိုက်ကြသူတွေလည်း မနည်းမနော တွေ့လာရပါတယ်။ အားလုံးကို ဆိုလိုခြင်းမဟုတ်ပါ။


အခုလို ရေးသားပြဆိုခြင်းကြောင့် အစိုးရတာဝန်ရှိသူတွေ၊ အမှုထမ်း/အရာထမ်းတွေ ကြီးပွားချမ်းသာတာကို မနာလို ဝန်တိုခြင်း မဟုတ်ပါဘူး။ မိမိတို့ရဲ့ ကာယ၊ ဉာဏစွမ်းအားနဲ့ သမာအာဇီဝကျကျ ကြီးပွားချမ်းသာလာသူ မည်သူ့ကို မဆို မုဒိတာပွားပါတယ်။ မျိုးရိုးစဉ်ဆက် ချမ်းသာသူတွေ ရှိတယ်။ တစ်ဖက်မှာ ဝန်ထမ်းလုပ်နေပေမယ့် မိသားစုစီးပွားရေးရှိလို့ ကြီးပွားချမ်းသာတာတွေ ရှိတယ်။ ဒီလို လူပုဂ္ဂိုလ်တွေရဲ့ ကြီးပွားချမ်းသာမှုအတွက် မုဒိတာပွားလျက်ပါ။


တချို့သော အမှုထမ်း/အရာထမ်းတွေရဲ့ လုပ်ပုံကတော့ သဘာဝမကျဘူးဗျ။ အစိုးရဝန်ကြီးဌာနတွေမှာ ရာထူးတွေ ယူထားကြပေမယ့် ဘာအလုပ်မှ မလုပ်ဘူး။ ကိုယ့်စီးပွားရေးပဲ ကိုယ်လုပ်တယ်။ ရာထူးနဲ့ လုပ်စားနေတဲ့ လူတန်းစားတစ်ရပ်လည်း ရှိတယ်။ မလုပ်နိုင်ရင် နှုတ်ထွက်ရုံပေါ့ဗျာ။ ရာထူးလည်း အပျောက်မခံနိုင်ဘူး။ တိုင်းပြည်အကျိုးစီးပွား အတွက်လည်း လုပ်မပေးနိုင်ဘူးဆိုတဲ့ လူတန်းစားတစ်ရပ်ကလည်း သီးသန့်ကို ရှိနေတာပါ။ သူတို့ဟာ ဌာနတွေမှာ ဘာရာထူးတာဝန်ပါဆိုတဲ့ အမည်ခံထားတယ်။ အလုပ်ကတော့ ကိုယ်ကျိုးစီးပွားအတွက်ပဲ လုပ်တယ်။ ဝန်ကြီး/ဝန်ငယ်များထံ ဝင်ထွက်သွားလာရ လွယ်ကူတယ်။ လွတ်လပ်စွာ ယှဉ်ပြိုင်ရမယ့် ဈေးကွက်စီးပွားရေးမှာ ထိုသူများက ဦးစားပေးခြင်း ခံရတယ်။


NLD ဦးဆောင်သူတွေ အဂတိလိုက်စားမှုတွေနဲ့ အရေးယူခံရတော့ အံ့သြမိတယ်။ ဘာတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူခွင့်မလွှတ်နိုင်တဲ့ အလုပ် ၂ခုကတော့ အဂတိလိုက်စားတာနဲ့ လူမှုရေးဖောက်ပြန်တာပဲတဲ့။ သူကိုယ်တိုင် က အဂတိလိုက်စားတယ်။ ကျန်တဲ့ ဝန်ကြီး/ ဝန်ငယ်တွေ အဂတိလိုက်စားတာ ဆန်းသလားပေါ့ဗျာ။ ဒါတောင် နစကအစိုးရအနေနဲ့ ဆက်လက်ဖော်ထုတ်ခြင်း မရှိလို့။ ယခုမျက်မှောက် PDF အကြမ်းဖက်အဖွဲ့များကို ဦးဆောင်နေတဲ့ နီပိန်း လွှတ်တော်အမတ်ဟောင်းတွေလည်း အဂတိနဲ့ မကင်းဘူး။ လွှတ်တော်အမတ် မဖြစ်ခင်က အိမ်ငှားနဲ့နေပြီး ဆံပင်ညှပ်ဆိုင်ဖွင့်တဲ့ နီပိန်းတွေဟာ လွှတ်တော်အမတ်ဖြစ်ပြီး (၃)နှစ်လောက်အတွင်းမှာပဲ ခြံဝယ်၊ တိုက်ဆောက်၊ ကား(၃)စီးလောက် ဖြစ်အောင်အထိ ကို ရှာနိုင်ကြတယ်။ 


နီပိန်းတွေ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ကြတယ်ဆိုတာ အစိုးရအာဏာဟာ ကိုယ်ကျိုးရှာလို့ အလွန်ကောင်းတာကို သိသွားတယ်။ အာဏာရဲ့ အရသာ (၅)နှစ်အတွင်းမှာ ကောင်းကောင်းသိခဲ့တယ်ပေါ့ဗျာ။ သူတို့ရဲ့ ပါးစပ်ဖျားမှာ ပြည်သူဆိုတာ တဖွဖွရွတ်ဆိုတယ်။ ပြည်သူကို ခုတုံးလုပ်ပြီး အရင်းအနှီးဘာမှ မစိုက်ထုတ်ရဘဲ ကိုယ်ကျိုးရှာလို့ အကောင်းဆုံးနေရာကို လက်လွတ်ဆုံးရှုံးရတဲ့အချိန်မှာ အရူးချီးပန်း သွေးရူးသွေးတန်း ဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြခြင်း ဖြစ်ပါတယ်။


အစိုးရတစ်ရပ်ဟာ ဝေဖန်ခံရတယ် ဆိုတာဟာလည်း ကာလရှည်ကြာ ပျက်ယွင်းနေတဲ့ ယန္တရားကို ဘယ်လိုမှ ထိန်းသိမ်းလို့ မရဘူး။ ဥပမာအားဖြင့် စည်ပင်သာယာဌာနမှာ ရာထူးအဆင့်အတန်းအတူတူ မြေယာဌာနလို နေရာမျိုးမှာ တာဝန်ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်က လာဘ်လာဘရတယ်။ ခဏတာအတွင်း ကြီးပွားချမ်းသာသွားတယ်။ တခြားသော ဝန်ထမ်းတွေဘက်က ကြည့်ရင် ရာထူးအတူတူ၊ လစာအတူတူ မြေယာဌာနက ပုဂ္ဂိုလ်က တိုက်ဆောက်၊ ကားစီး၊ ငွေကို ရေလိုသုံးနေချိန်မှာ တစ်ခြားဌာနဘက်က ပုဂ္ဂိုလ်ကတော့ ဝန်ထမ်းလစာလေးနဲ့ မိသားစုစားဝတ်နေရေးမှ အနိုင်နိုင် ရုန်းကန်နေရတယ်။ ဥပမာအနေနဲ့ ပြောခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို ဂွင်ရှာလို့ ရတဲ့နေရာမျိုး တပ်မတော် အရာရှိတွေ ပြောင်းသွားလည်း ရှာတာက ရှာတာပါပဲ။ သူတို့က နိုင်ငံတော်အကြီးအကဲတွေကိုတောင် ကျေးဇူးတင်သေးတယ်။ ငါ့ကို ဂွင်ရှာလို့ ရတဲ့နေရာပေးတယ်။ လာဘ်လာဘ ရတဲ့နေရာပေးတယ်။


ဒီရက်ပိုင်းအတွင်းမှာ အစိုးရတာဝန်ရှိသူများထဲက ပုဂ္ဂိုလ်တချို့ရဲ့ သတင်းတွေကို ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြလာကြတယ်။ ကျွန်တော်တို့အနေနဲ့တော့ သတင်းအတိအကျ မရလို့ ရေးသားဖော်ပြနိုင်ခြင်း မရှိပါဘူး။ နိုင်ငံတော်အကြီးအကဲများက ရာထူးတာဝန်အပ်နှင်းတယ်ဆိုတာက ယုံကြည်လို့ဖြစ်ပါလိမ့်မယ်။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာလိုမှုကို ရှေ့တန်းတင်လာတာမျိုး ဖြစ်လာရင် ပြည်ဖျက်မိစ္ဆာ နီပိန်းများကိုတော့ အရေးယူဆောင်ရွက်နေပြီး နစကအစိုးရအဖွဲ့ထဲက ဝိသမလောဘသားတွေကိုတော့ မထိန်းသိမ်းဘူးလားဆိုတဲ့ ထောက်ပြဝေဖန်စရာ ဖြစ်လာပါလိမ့်မယ်။


ကျွန်တော်တို့ တိုင်းပြည်မှာ သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်က စပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အသုံးပြုရတဲ့ နိုင်ငံဘဏ္ဍာကလည်း မနည်းပါဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးယန္တရားတစ်ခု တည်ဆောက်တယ်ဆိုတာ လစဉ် ဝန်ထမ်းစရိတ်ကိုပဲ တွက်ကြည့်ရင် သိနိုင်ပါတယ်။ အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်သလားဆိုတော့ မတိုက်ဖျက်နိုင်သေးပါဘူး။ ဦးသိန်းစိန်အစိုးရ လက်ထက်ကစလို့ ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး တက်လာသမျှအစိုးရ တာဝန်ရှိသူတွေကို ငွေနဲ့ အိပ်ကပ်ထဲထည့်ပြီး ကိုယ်ကျိုးစီးပွားသာ အဓိကဆိုတဲ့ လူတန်းစာတစ်ရပ်ကလည်း အစိုးရယန္တရားထဲမှာ သီးသန့်ရှိနေတာ ဖြစ်ပါတယ်။


NLD ပါတီက မုံရွာအောင်ရှင် ပြောခဲ့တဲ့ စကားလေးက အမှတ်တရဗျ။ NLD ဝန်ကြီးချုပ်တွေ အဂတိလိုက်စားမှုတွေ အသံထွက်လာပြီ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူလိုက်ပြီလို့ ဆိုတဲ့ အချိန်မှာ မုံရွာအောင်ရှင်က "ပုပ်လို့ ကြွေတဲ့အသီးအတွက် အပင်မှာ တာဝန်မရှိဘူး" တဲ့။ ကဗျာဆရာ ဆိုတော့ ကြံကြံဖန်ဖန် စကားလုံးလှလှ ပြောတတ်သဗျ။ တကယ်တော့ NLD တွေမှာ လူထုထောက်ခံမှုကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်က အာဏာမရခင်ကတည်းက ရှိနှင့်ပြီးသားပါ။ အာဏာရဖို့ ကြိုးပမ်းခဲ့ကြခြင်းဟာလည်း ပြည်သူလူထု အကျိုးစီးပွားအတွက်လို့ ဆိုခြင်းထက် ကိုယ်ကျိုးရှာဖို့အတွက်သာ အဓိကဖြစ်ပါတယ်။ တကယ်တော့ မုံရွာအောင်ရှင် ပြောတဲ့ ပုပ်လို့ ကြွေတဲ့အသီးအတွက် အပင်မှာ တာဝန်မရှိဘူးဆိုတဲ့ စကားဟာ ထမင်းရည်ပူ လျာလွှဲ ပြောတဲ့ စကားပါ။ NLD ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အဆိပ်ပင် လို့ ပြောလိုက်ရင် ပြည့်စုံသွားမှာ ဖြစ်ပါတယ်။ အဆိပ်ပင်ကို ရေလောင်း ပေါင်းသင်ပေးခဲ့ကြလို့ ယနေ့ တိုင်းပြည်မှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ အသေဆိုးနဲ့ သေနေရတယ် မဟုတ်ပါလား။ ဒီအဆိပ်ပင် ကို စောစောကသာ ရှင်းခဲ့မယ်ဆိုရင် အခုလို ဘယ်ဖြစ်လာတော့မလဲ။


ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အတိုက်အခံ အနေနဲ့ ရှိခဲ့တယ်။ အတိုက်အခံအဖွဲ့အစည်းဟာ အစိုးရက ကောင်းတာလုပ်နေရင်လည်း အပြုသဘောဆန်ဆန် ရှုမြင်ရမှာ ဖြစ်တယ်။ လိုအပ်ချက် ရှိနေတဲ့ နေရာတွေကို ထောက်ပြဝေဖန်နိုင်ပါတယ်။ နီပိန်းတွေ က အဲဒီလို မဟုတ်ဘူး။ အများပြည်သူ ကောင်းကျိုးအတွက် လုပ်တဲ့ အလုပ်ကိုလည်း ဝေဖန်ပြစ်တင်တာပဲ။ အစိုးရက ဘာလုပ်လုပ် ပြစ်တင်ပြောဆိုတာမျိုးပဲ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် က စပြီး နီပိန်းများအားလုံးဟာ အဲဒီလို သဘောမျိုးရှိတယ်။ 


ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်လောက်အထိ ဆိုးသွမ်းခဲ့သလဲ ဆိုရင် ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂလီတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတဲ့အခါမျိုးမှာတောင် ဦးသိန်းစိန်အစိုးရက ဒါကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးတာပါလို့ လုပ်ကြံပြောဆိုခဲ့တယ်။ နောက်တော့ သူတို့ပဲ လူမျိုးလိမ်လှုပ်ရှားမှုကို လက်ခံပြီး လုပ်စားတယ်။ စဉ်းစားသာ ကြည့်ကြတော့။ ပြည်ခိုင်ဖြိုးပါတီကနေ လွှတ်တော်ထဲ ရောက်လာတဲ့ ဘင်္ဂလီရွှေမောင် တို့နဲ့ NLD ဟာ နောက်ပိုင်းမှာ တသားတည်း ဖြစ်သွားကြတာကို ပြန်ကြည့်ကြပေါ့။


ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ထဲ ခေါ်သွင်းခဲ့တဲ့ ရွှေမောင်အပါအဝင် ဘင်္ဂလီ (၃)ကောင် ဟာ လူမျိုးလိမ်အရေး လှုပ်ရှားနေပါပြီလို့ အမျိုးသားရေးလှုပ်ရှားသူတွေက ထောက်ပြပြောဆိုလာတဲ့အခါ ပြည်ခိုင်ဖြိုးက ဘင်္ဂလီ(၃)ကောင်ကို ပါတီထဲက ထုတ်ပစ်လိုက်တယ်။ အဲဒီကောင်တွေက NLD ၊ ၈၈ က ကောင်တွေ၊ ကောင်မတွေနဲ့ပေါင်းပြီး လူ့အခွင့်အရေးအရည်ခြုံ လူမျိုးလိမ်အရေးလှုပ်ရှားမှုကြီး ဖြစ်လာတာပဲ မဟုတ်ပါလား။


တော်ပြီဗျာ။ ပြောစရာတွေက များလွန်းလို့ မကုန်နိုင်ပါဘူး။ နောက်များ အလျဉ်းသင့်ရင် ထပ်ပြောကြသေးတာပေါ့။ တိုင်းပြည်မှာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုသူဟာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ရှိခဲ့ပါတယ်။ နစကအစိုးရတက်လာပြီး နောက်ပိုင်း ရန်ကုန်မြို့ပေါ်မှာ ပလပ်မြေတွေကို ရောင်းစားကြတာတွေ၊ ပလပ်မြေတွေကို ဂရန်ထုတ်ပေးလိုက်တဲ့ ပြဿနာတွေလည်း ကြားသိလာရပါတယ်။ လုပ်ပိုင်ခွင့် အာဏာကို အကြောင်းပြုပြီး စီးပွားရှာရတာ အရင်းအနှီးမလိုဘူးပေါ့ဗျာ။ ကြီးပွားကြပါစေ၊ ချမ်းသာကြပါစေ။


တိုင်းပြည်မှာ အဲဒီလို ဝိသမလောဘသားတွေ ရှိသလို လူမှန်ကြီးတွေလည်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူမှန်ကြီးများက စောင့်ကြည့်ထိန်းသိမ်းကြပေါ့ဗျာ။ လူမှန်ကြီးများကိုလည်း ဝိသမလောဘသားများက ငွေနဲ့ ချုပ်နိုင်ပါသေးတယ်။ လူမှန်ကြီးတွေ အနေနဲ့တော့ လူသိမခံမှ တော်ကာကျလိမ့်မယ်။ လွယ်ရင် သူကြွယ်တောင် ခိုးတယ် ဆိုတဲ့ စကားပုံလည်း ရှိသားမဟုတ်လား။ အလွယ်တကာ့ အလွယ်ဆုံး ရာထူးအာဏာသုံးပြီး စီးပွားရှာရတာ အလွယ်ဆုံး ဖြစ်လေတော့ ဒီလိုပြဿနာတွေက မကြာခဏ ကြားသိနေရမှာပဲ ဖြစ်ပါတယ်။ လစ်ရင် လစ်သလို ခိုးနေကြသူတွေ ရှိသလို မျက်နှာပြောင် တိုက်ပြီး ခိုးနေကြသူတွေလည်း ရှိမှာပါပဲ။ 


ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး ကြီးပွားချမ်းသာနေသူတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေပါပဲ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအနေနဲ့ အဂတိမလိုက်စားဘဲ တိတိကျကျ ဖော်ထုတ်အရေးယူဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ ဝိသမလောဘသားတွေ ဖယ်ရှား၊ လူမှန် နေရာမှန် ရောက်အောင် ကြပ်မက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီယန္တရားကြီး ပျက်ယွင်းနေတာ ခေတ်အအဆက်ဆက် ဖြစ်လေတော့ အစိုးရပြောင်းလို့လည်း ဒီယန္တရားရဲ့ ပုံသဏ္ဍာန်က မပြောင်းလဲပါဘူး။ အစိုးရယန္တရားမှာ ဒီလိုသဘောသဘာဝ ရှိတယ်။ ပုပ်လာတဲ့အသီး ကို ခြွေချပစ်ရမယ်။ ပုပ်နေတဲ့ အသီးကို ကြွေကျမှာ စိုးလို့ အိပ်စွပ်ပြီး ကိုင်းမှာ ကြိုးချည်ပေးထားတာမျိုးတော့ မလုပ်ကြနဲ့ပေါ့ဗျာ။ ပုပ်လာရင်ဖြင့် ခြွေချလိုက်ပါလို့သာ မေတ္တာ ရပ်ခံပါရစေ -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)