အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ




MNP ၊  စက်တင်ဘာ  ၁၂

ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း သပြေခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် ဒုတိယပညာရေးမှူး ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး၊ အကောက်ခွန် ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမျိုးသူက အဂတိလိုက်စားမှုဆိုင်ရာ မကောင်းမှုများကို အသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးစိုးညီဆွေက ကျောင်းသားလူငယ်များအနေဖြင့် လူငယ်ဘဝမှစ၍ ဖြောင့်မတ်တည်ကြည်မှုရှိစေရေး အသိပညားပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


ကိုလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)