ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း တူးဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်



MNP ၊  စက်တင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရှောက်တောကျေးရွာတွင် မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများ ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရေဆိုးထုတ် မြေသားမြောင်းအား အုတ်ရေနုတ်မြောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၀)သန်းဖြင့် ကျေးရွာတွင်းရှိ အဓိက ရေဆိုးထုတ်မြောင်းဖြစ်သည့် မြေသားရေဆိုးထုတ်မြောင်း အရှည်ပေ ၄၀၀ အား အကျယ် ၂ ပေ၊ အနက် ၂ ပေ  အုတ်ရေနုတ်မြောင်း အဖြစ် စက်တင်ဘာ (၁)ရက်နေ့ကစပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ကြီးကြပ်မှုဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် ရေဆိုးထုတ်အုတ်ရေနုတ်မြောင်း အရှည်ပေ ၂၀၀ ခန့် ပြုလုပ်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ယင်း ရေဆိုးထုတ်အုတ်ရေမြောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား စက်တင်ဘာလကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။


ယနေ့နံနက်ပိုင်း ရေဆိုးထုတ်မြောင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးက ရေစီးရေလာကောင်းမွန်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာတွင်း ရေဆိုးထုတ် အုတ်ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များအပေါ် ဒေသခံပြည်သူများအတွက် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ရေဆိုးထုတ်အုတ်ရေမြောင်းအား ရေရှည်တည်တံ့ကောင်းမွန်အောင် စနစ်တကျ လုပ်ဆောင်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ 


ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း မြို့ပြနှင့် ကျေးလက်ဒေသတစ်ခွင် သန့်ရှင်းသာယာလှပစေရန်အတွက် ရည်ရွယ်ပြီး ဌာန၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၂၃၈ ဒသမ ၈၀ သန်းဖြင့် လမ်းလုပ်ငန်း ၂၂ ခု၊ တံတားလုပ်ငန်း ၅ ခု၊ ရေမြောင်းလုပ်ငန်း ၂ ခု၊ အခြား ဖွံ့ဖြိုးရေးလုပ်ငန်း ၂ ခု၊ စက်ကိရိယာပစ္စည်းလုပ်ငန်း ၄ ခု၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)