မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအကြောင်း သိသွားလျှင် ရုရှားခရီးသွားတွေ အများကြီး လာကြလိမ့်မည်ဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sputnik အေဂျင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး မစ္စတာ ဗာဆီလီပုရှ်ကော့ဗ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအကြောင်း သိသွားလျှင် ရုရှားခရီးသွားတွေ အများကြီး လာကြလိမ့်မည်ဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sputnik အေဂျင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး မစ္စတာ ဗာဆီလီပုရှ်ကော့ဗ် ပြောကြား





MNP ၊ စက်တင်ဘာ ၁၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sputnik အေဂျင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးမစ္စတာ ဗာဆီလီပုရှ်ကော့ဗ် (Mr. Vasily Pushkov) အား Global New Light of Myanmar က တွေ့ဆုံမေးမြန်းရာတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သွားရောက် ဖူးမြှော်ခဲ့မှုနှင့် ပတ်သက်၍ "ပုံပြင်တစ်ခုလိုပါပဲ။ ဖုန်းမှာပါတဲ့ခေတ်သစ်ကင်မရာတွေက အဲဒီအလှအပကို ဖမ်းဆုပ်ယူနိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ဖုန်းကင်မရာ တစ်လုံးတောင်မပါလာဘူး။ ဘုရားကြီး ရဲ့အောက်ခြေဘယ်မှာအဆုံးသတ်သွား သလဲကျွန်တော့်မျက်လုံးက မခွဲခြားနိုင်ဖြစ်ခဲ့တယ်။ ရုရှားမှာ ဒါကိုသိသွားရင် ရုရှားက ခရီးသွားတွေအများကြီး ဒီကိုလာကြလိမ့်မယ်။"ဟု ဖြေကြားထားသည်။

တွေ့ဆုံမေးမြန်းမှုတွင်  Sputnik အေဂျင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးမစ္စတာ ဗာဆီလီပုရှ်ကော့ဗ် (Mr. Vasily Pushkov) က "ကျွန်တော့် မိသားစုဇာတ်လမ်းလေး ပြောပြရမလား။ သာမန်ရုရှားတစ်ဦးနဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်တော်ဟာ နည်းနည်းကလေးတော့ ထူးနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ကလေးဘဝကတည်းက မြန်မာအကြောင်း ကြားဖူးနေလို့ပဲဖြစ်တယ်။ ခဏခဏကြိမ်ဖန်များစွာကြားခဲ့ရတာ။ ကျွန်တော့်မိခင်က မြန်မာပြည်မှာမွေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အဘိုးက မြန်မာနိုင်ငံမှာ လာအလုပ်လုပ်ပြီး ဒီမှာအဘွားနဲ့အတူနေကြတာ။ အဲဒါကြောင့် ကျွန်တော့်မိခင်ကို ရန်ကုန်မြို့မှာ ၁၉၅၈ ခုနှစ်တုန်းက မွေးဖွားခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ဆိုဗီယက်အစိုးရရဲ့ အကူအညီနဲ့တည်ဆောက်တဲ့ အဆောက်အဦတော်တော်များများရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အဘိုးက စကားပြန်အနေနဲ့ အလုပ်လုပ်ခဲ့ရတာပါ။ ကျွန်တော့်မိခင်ကဒီမှာ အသက်ငါးနှစ်သမီးအရွယ်အထိနေခဲ့ရပြီးမှ သူတို့အခြားတစ်နိုင်ငံကို ပြောင်းသွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော့် မိသားစုရဲ့နှလုံးသားထဲမှာ မြန်မာနိုင်ငံက တကယ့်ကို အထူးတလည်နေရာတစ်ခုအမြဲဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်တော်ဒီကိုလာတာပါ။ ရိုးသားစွာပြောရရင် ဒီကိုကျွန်တော်လာတာ အခြားသာမန်ရုရှားတွေထက် ပိုပြီးပြင်ဆင်ခဲ့ရပါတယ်။ ယဉ်ကျေးမှုနဲ့ ဘာသာစကားအကြောင်း ကျွန်တော်နည်းနည်းသိထားတယ်။ ပိုက်ဆံတွေက ဘယ်လိုပုံစံဆိုတာ ကျွန်တော်သိထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဘိုးက ပိုက်ဆံတချို့ယူလာခဲ့တယ်လေ။ အဲဒီပိုက်ဆံတွေက အခုဒီမှာသုံးနေကြတဲ့ ပိုက်ဆံတွေနဲ့ ဆင်တူနေတုန်းပဲ။ " ဟု ဆိုသည်။

မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ "တစ်ဖက်မှာလည်း ကျွန်တော့်ရဲ့အထင်အမြင်ထဲ မကောင်းတဲ့အရာက ရိုက်ခတ်ခဲ့တယ်။ လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး မကောင်းရေးတဲ့ သတင်းတွေအများကြီး ဖတ်ဖူးကြမှာပါ။ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ မကောင်းသတင်းတွေ တော်တော်များများ ဖတ်ပြီးရင်တော့ အဲဒီထဲကတချို့ကို စပြီးယုံလာမှာပဲ။ အဲဒီထဲက အနည်းဆုံးတော့ တချို့ကိုတွေ့ရမယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့် ဒီပုံသေကားကျသတင်းတွေဟာ မမှန်ဘူးဆိုတာ ကျွန်တော်ချက်ချင်းကို သိလိုက်ရတယ်။ ဒီ(မြန်မာ)နိုင်ငံဟာ ကြွယ်ဝတဲ့နိုင်ငံ တစ်နိုင်ငံပဲ။ အရှေ့သို့ မှန်မှန်လှမ်းချီနေတယ်။ နေပြည်တော်ကို အလည်အပတ် ရောက်ပြီးတဲ့နောက် မြို့ရဲ့လှပပုံတွေက ကျွန်တော့်ကို မှင်တက်စေတယ်။ ဘယ်လိုများတိုးတက်အောင်လုပ်ခဲ့သလဲပေါ့။ ဒီလိုမျိုးအဖြစ် ကျွန်တော်မကြာခဏကြုံဖူးတယ်။ နိုင်ငံတစ်နိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးဘဲနဲ့ အဲဒီနိုင်ငံတွေရဲ့အကြောင်း မဖတ်သင့်ဘူး၊ ကိုယ့်စိတ်ထဲမှာ ပုံရိပ်တစ်ခု မတည် ဆောက်သင့်ဘူးလို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံကိုတကယ် စိတ်ဝင်စားတယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျသွားကြည့်ပါ။ အိပ်မက်တွေ တကယ်ဖြစ်လာစေတဲ့ ဒီအခွင့်အရေးရလို့ ကျွန်တော် ပျော်ရွှင်ပါတယ်။ အဲဒီအပြင် ဒီနိုင်ငံဟာ ဘယ်လိုဆိုတာကို ကျွန်တော့်မိတ်ဆွေတွေကို ကျွန်တော်ရိုးသားစွာ ပြောပြနိုင်တော့မှာပါ။ တကယ်က ဘယ်လိုဘယ်ပုံဆိုတာတွေပေါ့။ ကျွန်တော်ဟာ ရုရှားနဲ့ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရဲ့ သံတမန်တစ်ဦးလို ဖြစ်သွားပါလိမ့်မယ်။" ဟု ဖြေကြားထားသည်။


မြန်မာတွေအပေါ် ရှုမြင်ပုံစံနှင့် ပတ်သက်၍ မေးမြန်းရာ "မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကျွန်တော့်အမြင်တွေဟာ ပိုပြီးအပြုသဘော အကောင်းမြင်တွေ ဖြစ်လာတယ်။ အကောင်းပြောတဲ့အခါတောင် ပိုပြီးမျှတလာလိမ့်မယ်။ ပိုပြီးယုတ္တိတန်လာမယ်။ တကယ့်အခြေအနေနဲ့ ပိုပြီးနီးစပ်လာလိမ့်မယ်။ အဲဒါတွေကြောင့် ပိုပြီးအကျိုးရှိလာပါလိမ့်မယ်။ မြန်မာတွေဟာသိပ်ကို လှိုက်လှဲဖော်ရွေလှတဲ့သူတွေပါ။ အလွန့်အလွန်ကို ဖော်ရွေတာပါ။" ဟု ဆိုသည်။


နေပြည်တော် ဘုရားကြီး မာရဝိဇယဘုရားကြီးအား သွားရောက်ဖူးမျှော်ခဲ့မှုနှင့် ပတ်သက်၍ ဖြေကြားရာတွင် "ပထမဆုံး ရိုးရိုးသားသားပြောရရင် ကျွန်တော့်မျက်လုံးကိုတောင် ကျွန်တော်နည်းနည်း စိတ်ပူသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ်ကိုတောက်ပြောင်လွန်းလို့။ မျက်စိတောင် နည်းနည်းကျိန်းသွားတယ်။ အဲဒီလောက်ဖြူတဲ့အရာကို ကျွန်တော့်မျက်လုံးက ခံနိုင်ပါ့မလားပေါ့။ ပုံပြင်တစ်ခုလိုပါပဲ။ ဖုန်းမှာပါတဲ့ခေတ်သစ်ကင်မရာတွေက အဲဒီအလှအပကို ဖမ်းဆုပ်ယူနိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ဖုန်းကင်မရာ တစ်လုံးတောင်မပါလာဘူး။ ဘုရားကြီး ရဲ့အောက်ခြေဘယ်မှာအဆုံးသတ်သွား သလဲကျွန်တော့်မျက်လုံးက မခွဲခြားနိုင်ဖြစ်ခဲ့တယ်။ ရုရှားမှာ ဒါကိုသိသွားရင် ရုရှားက ခရီးသွားတွေအများကြီး ဒီကိုလာကြလိမ့်မယ်။ ကိုယ့်မျက်လုံးနဲ့ ကိုယ်တိုင်ကြည့်လို့မရနိုင်အောင် လှပ(သပ္ပာယ်)လွန်းလှပါတယ်။"ဟု ပြောကြားသွားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)