ရေစကြိုမြို့နယ် သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ် သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ


MNP ၊  စက်တင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ‌ရေစကြိုမြို့နယ် သက်သာချောင်ချိရေးအဖွဲ့မှ ရုံးပေါင်းစုံအတွင်းရှိ ဗိုလ်ချုပ်ပန်းခြံတွင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ရေစကြိုမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များအားစျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစာသောက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံလူတန်းစားများအတွက် ဆီတစ်ပိဿာ (၄၅၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် (၁)ဦးစီနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါရောင်းချခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ချမ်းမြေ့အောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နိုင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


မောင်လုလင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment