မြစိမ်းရောင်ငါးကဏ္ဍအတိုးရငွေနှင့် ကျေးရွာနေပြည်သူများပူးပေါင်း ဆောင်ရွက်မှုဖြင့် ကျောက် ချောလမ်း ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစိမ်းရောင်ငါးကဏ္ဍအတိုးရငွေနှင့် ကျေးရွာနေပြည်သူများပူးပေါင်း ဆောင်ရွက်မှုဖြင့် ကျောက် ချောလမ်း ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး



MNP ၊  စက်တင်ဘာ  ၁၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆားပြင်ကြီးကျေးရွာအုပ်စု၊ ဆားပြင်ကြီးကျေးရွာ၌ မြစိမ်းရောင်ငါး ကဏ္ဍအတိုးရငွေနှင့် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုမှာ ယခုလ ၁၈ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်းသိရှိရသည်။


ဆားပြင်ကြီးကျေးရွာ အတွင်းရှိလမ်းအား ကျေးရွာကုန်ထုတ်လုပ်ငန်းများ အဆင်ပြေစေရန်အတွက်  အလျား ၃၀၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၆လက်မ ရှိ ကျောက်ချောလမ်းခင်းရန် မြစိမ်းရောင်ငါးကဏ္ဍ အတိုးရငွေ ၏ ၅၀ ရာခိုင်နှုန်း ငွေကျပ် ၆၅ သိန်းဖြင့် ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ကခွင့်ပြုပေးခဲ့ပြီး ဒေသနေပြည်သူများက ငွေကျပ် ၅ သိန်း ထည့်ဝင်လှူဒါန်းခဲ့သည့်အတွက် စုစုပေါင်း ငွေကျပ် ၇၀ သိန်းဖြင့် အဆိုပါလမ်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ကျောက်ချောလမ်း (အလျား ၃၀၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၆ လက်မ) အား ကျေးရွာနေ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကုန်ကျငွေ ကျပ် ၄၂ သိန်းဖြင့်ဆောင်ရွက် ပြီးစီးခဲ့ပြီး ပိုလျှံသည့် ငွေကျပ် ၂၈ သိန်းဖြင့် (အလျား ၂၁၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၆ လက်မ) ရှိ ကျောက် ချောလမ်းကို ဆက်လက်ခင်းခဲ့ကြောင်း သိရှိရသည်။ 


ဆားပြင်ကြီးကျေးရွာ၌ ကျေးရွာကုန်ထုတ်လုပ်ငန်းများ အဆင်ပြေ‌စေရန်အတွက် ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းအတွက် မူလက လမ်းအရည် ၃၀၀ ပေ သတ်မှတ်ထားသော်လည်း  ကျေးရွာမြစိမ်းရောင် ကော်မတီ၏ ကြီးကြပ်မှု၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု များကြောင့် စုစုပေါင်းလမ်း အရှည် ၅၁၀ ပေ အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျောက်ချောလမ်းခင်းခဲ့သည့် လုပ်ငန်းမှာ အချိန်ကာလ အားဖြင့် ၅  လကျော်ကြာမြင့်ခဲ့ကြောင်း၊ မိုခါမုန်တိုင်း တိုက်ခတ်ခဲ့သည့်အတွက် လုပ်ငန်းများ နှောင့်နှေးကြန့် ကြာမှုဖြစ်ခဲ့ကြောင်း လမ်းတည်ဆောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)