MNP ၊ စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က၊ ဂုဏ်ထူးကျော် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ရာ G-11 မှ မအိသဇင်ဝင်းက လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ G–11မှ မောင်အောင်သက်ဟိန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G–11 မှ မမျိုးမြင့်လှိုင်က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ယင်းနောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးပြောကြားချက်များအပေါ် မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြသည်။
ထို့နောက် ဂုဏ်ထူးကျော် ကိုယ်ပိုင်(အထက) ကျောင်းတည်ထောင်သူ ဦးဖြူလုံးမှ ကျေးဇူးတင်စကားပြောကြားပြီး အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ(၁၄၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment