ရမ်းဗြဲမြို့နယ်၊မီးကျောင်းတက်ကျေးရွာ(အထက)ကျောင်း၌ အားကစားလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်း၏ အကျိုး ကျေးဇူးများ အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၊မီးကျောင်းတက်ကျေးရွာ(အထက)ကျောင်း၌ အားကစားလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်း၏ အကျိုး ကျေးဇူးများ အသိပညာပေးဟောပြော






MNP ၊  စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊မီးကျောင်းတက်ကျေးရွာ(အထက)ကျောင်း၌၊ ရမ်းဗြဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍   အားကစားလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက “ အားကစားနှင့်လူငယ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးခြင်း၊ ဆက်လက်ပြီး ကျန်းမာကြံ့ခိုင်သော ကျောင်းသူ/ကျောင်းသားများဖြစ်လာစေရန်နှင့်  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ  စသည့် ဗလငါးတန်ဖွံ့ ဖြိုး တိုးလာစေရန်  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ (F Dance) နှင့် ကျောင်းသား/ကျောင်းသူများ နှင့်ကြံ့ခိုင်မှုများပြုလုပ်ပြီး လိုအပ်သော အားကစား အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ  အခမ်းအနားသို့  ကျေးရွာအတွင်းမှ  လူပျို/အပျိုများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/ကျောင်းသူ  (၂၃၀) ဦး တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။ 

အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)