ဂွမြို့ စံပြကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ စံပြကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်





MNP ၊  စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာန(စံပြကိုယ်ပိုင်အထက်တန်း ကျောင်း)တို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို  ယနေ့ မွန်လွဲ(၂)နာရီက အဆိုပါကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးဇော်မင်းသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကျောင်းသား၊ကျောင်းသူများအနေဖြင့်  နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေ ဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ပါ ကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးသည် လူသားတိုင်းအတွက်လိုအပ်ချက်ဖြစ်သဖြင့်  ပညာရှာမှီးရင်း ဗလငါးတန် ဖွံ့ဖြိုးရန် ပြုစုပျိုးထောင် အားထုတ်ရမည်ဖြစ်ပါကြောင်းနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်များနှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား ဆွေးနွေးဟောပြောခဲ့သည်။


ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိက  ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ပါဝင်ဆောင်ရွက်ပြီး စံပြကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများဖြစ်သည့် မောင်စွမ်းဇာနည်အောင်က ကာယဗလ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမိုးပြည့်ပြည့်က ဉာဏဗလ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်သော်တာမင်းလွင်ကစာရိတ္တဗလ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မသော်ဇင်လင်းက မိတ္တဗလ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသိင်္ဂီဝင်းက ဘောဂဗလ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်တွင်  အသီးသီး ဆွေးနွေးခဲ့ကြ သည်။ 


ဆက်လက်၍ စံပြကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ထွေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြသထားမှုများကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 


ရွှေရည် ဝင်းကျော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)