မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ




MNP ၊  စက်တင်ဘာ  ၁၃

၂ဝ၂၃ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲကို (၈.၉.၂၀၂၃)ရက်နေ့မှ(၁၃.၉.၂၀၂၃)ရက်နေ့အထိကျင်းပခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း မိုးလုံလေလုံအားကစား ခန်းမတွင်  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။


အဆိုပါပြိုင်ပွဲတွင် ခရိုင်အလိုက် အမျိုးသားအသင်း ၁၁ သင်း၊ အမျိုးသမီးအသင်း ၉ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းပညာရေးမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးမြင့်သူ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်တို့နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝက်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဘော်လီဘောအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


၄င်းနောက် ဆုများချီးမြှင့်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရအသင်းများနှင့် ပြိုင်ပွဲတွင် အကောင်းဆုံးဆု၊ အမျိုးသားအကောင်းဆုံး ဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများအား ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ (အမျိုးသား)ပထမဆုရ သပိတ်ကျင်ခရိုင်အသင်းနှင့် (အမျိုးသမီး) ပထမဆုရ အောင်မြေသာစံခရိုင်အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ ကိုချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)