လားရှိုးတွင် အများပြည်သူသုံးစွဲရန် မသင့်သော တရုတ်နိုင်ငံထုတ် ဘီယာနှင့်စားသောက်ကုန်များ ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးတွင် အများပြည်သူသုံးစွဲရန် မသင့်သော တရုတ်နိုင်ငံထုတ် ဘီယာနှင့်စားသောက်ကုန်များ ဖျက်ဆီး




MNP ၊  စက်တင်ဘာ  ၁၃

လားရှိုးခရိုင်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနှင့် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ဖမ်းဆီးရမိပြီး အများပြည်သူသုံးစွဲရန်မသင့်သော တရုတ်နိုင်ငံထုတ် ဘီယာ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများ ဖျက်ဆီးပွဲကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန်က လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန ရုံးဝန်းအတွင်းတွင် ကျင်းပသည်။


အဆိုပါအများပြည်သူတို့ သုံးစွဲရန်မသင့်သောပစ္စည်းများ ဖျက်ဆီးပွဲသို့ လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာအုန်း၊ လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် အခြားဌာနများမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။


အများပြည်သူတို့ သုံးစွဲရန်မသင့်သောပစ္စည်းများဖျက်ဆီးပွဲတွင် တရုတ်နိုင်ငံထုတ်ဘီယာများ၊ စားသောက်ကုန်နှင့်အလှကုန်များ၊ တရုတ်နိုင်ငံထုတ်အစားအစာများ စုစုပေါင်းခန့်မှန်းတန်ဘိုး( ၈၁,၀၀၀,၀၀၀/-) ခန့်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost












No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)