MNP ၊ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မစျေးသစ်အတွင်း စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသော ဆိုင်များကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဇလွန်မြို့မစျေးသစ်အတွင်း စားသုံးဆီများကို ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိသောဆိုင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန့်ဇင်ဦးနှင့် တာဝန်ရှိသူများက ဇလွန်မြို့မစျေးသစ်အတွင်း ဆီရောင်းချပေးနေသော ဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment