ဆီဆိုင်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့တွေ့ဆုံဆွေးနွေး



MNP ၊  စက်တင်ဘာ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆီဆိုင်မြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်တောင်ပိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရဲထွန်း၊ ပြည်နယ်စက်မှု ကြီးကြပ်စစ်ဆေး‌ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးတို့က အဖွင့်အမှာစကားပြောကြားပြီး ဆီဆိုင်မြို့နယ် ဆန်စက်လုပ်ငန်းရှင် ဦးစိုင်းသိန်းဟန်မှ ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ဆန်စက်လုပ်ငန်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တောင်ပိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ပြည်နယ်စက်မှုကြီးကြပ်စစ်ဆေး‌ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၇၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


မျိုးမြတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)