ငပလီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ







MNP ၊  စက်တင်ဘာ  ၂၀

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှကြီးမှူး၍ ကျောင်းသား၊ကျောင်းသူလူငယ်များအသိပညာမြင့်မားရေးအတွက်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့့နံနက်(၁၀း၃၀)နာရီအချိန်က အထကခွဲ လင်းသာ ၊အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ငပလီမြို့ရုံး မှ ​မြို့ဦးစီးမှူး​​ဒေါ်မြင့်​မြင့်​အေးက လူငယ်နှင့်စာဖတ်​​ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ဂျိ​​တ္တောမြို့နယ်ရဲစခန်းမှ-ဒုရဲမှူး-ထွန်းနိုင်ဦးမှ လူငယ်နှင့်မူးယစ်​​ဆေး​ခါင်းစဥ်​ဖြင့်လည်းကောင်း၊ဒုရဲမှူးညာဏ်မင်းကိုကို မှယာဥ်စည်းကမ်းလမ်းစည်းကမ်းခေါင်း စဉ်ဖြင့်လည်းကောင်းဟောပြောသည်။

အဆိုပါအခမ်းအနားသို့ အထက (ခွဲ )လင်းသာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦး​ဇေယျာ​မြင့်ထွန်းမှကျေးဇူးတင်စကားပြောကြားပီး ဆရာ ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ပီးခင်းကျင်းပြသထားသည့်နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များခင်းကျင်းပြသထားမှူအားလေ့ လာခဲ့​ကြ​​ကြောင်းသိရသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)