သရက်မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် တတိယအကြိမ်စိုက်ပျိုးရေးကဏ္ဍနှင့် သမဝါယမကဏ္ဍ အဆိုပြုလုပ်ငန်းမျာအတွက် ချေးငွေထုတ်ချေးမှု အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် တတိယအကြိမ်စိုက်ပျိုးရေးကဏ္ဍနှင့် သမဝါယမကဏ္ဍ အဆိုပြုလုပ်ငန်းမျာအတွက် ချေးငွေထုတ်ချေးမှု အခမ်းအနားကျင်းပ



MNP ၊  စက်တင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် တတိယအကြိမ် စိုက်ပျိုးရေးကဏ္ဍနှင့်သမဝါယမကဏ္ဍ အဆိုပြုလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးမှုအခမ်းအနားကျင်းပခြင်းကို ယမန်နေ့နေ့လည်(၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး စိုက်ပျိုးရေးအသင်းအဖွဲ့(၃၄)ဖွဲ့မှ တောင်သူ(၂၇၉)ဦး အတွက် စိုက်ပျိုးရေးကဏ္ဍအတွက် ငွေကျပ်(၁၁၁၇၅၀၀၀၀)ကျပ်/နှင့် သမဝါယမကဏ္ဍအတွက် ငွေကျပ်(၇၂၀၀၀၀၀၀)ကျပ်/အား မြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေးအပ်ရာ အသင်းအဖွဲ့များမှ လက်ခံပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)