အမ်းမြို့Ra EC ကိုယ်ပိုင်အထက်တန်း ကျောင်း၌ လူငယ် စကားဝိုင်းနှင့်လူငယ် အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့Ra EC ကိုယ်ပိုင်အထက်တန်း ကျောင်း၌ လူငယ် စကားဝိုင်းနှင့်လူငယ် အသိပညာပေးဟောပြောပွဲကျင်းပ







MNP ၊  စက်တင်ဘာ  ၂၀

      ရခိုင်ပြည်နယ်၊ အမ်းမြို့ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Ra EC ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့်လူငယ်အသိပညာပေးဟော ပြောပွဲကိုယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းနှင့်ဝန်ထမ်းများ၊ Ra EC ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဉာဏ်ထွန်း၊နှင့်ကျောင်းသား၊ကျောင်းသူ များ တက်ရောက်ကြသည်။ 


       လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင်ပြန် ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှမြို့နယ်ဦးစီးမှူး ဦးစန်းဝင်က လူ ငယ်စကားဝိုင်းကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာအနာဂတ် တိုင်း ပြည်တာဝန်များကိုပခုံးပြောင်းထမ်းရွက်ကြမည့်ကျောင်းသားကျောင်းသူ လူငယ် များ၊ မိမိဒေသမှာ ခေါင်ဆောင်တာဝန်ယူကြမဲ့လူငယ်များ  အသိပညာဗဟုသု တတိုးပွားလာစေရန်၊ ဦးဆောင် ဝိုင်းဖွဲ့ ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်း စိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊စဉ်းစား တွေးခေါ်နိုင်မှုစွမ်းရည်များ ရင့် သန်လာစေပြီး အကောင်း အဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ် ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် စကားပြောဆိုခွင့်ကြုံ ကြိုက်တဲ့အခါ ပြောရဲ ဆိုရဲသည့်သတ္တိ ရှိလာစေပြီး ပြောတတ်ဆိုတတ်စေရန်၊နှုတ်မှု စွမ်းရည်များတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်းလူငယ်စ ကားဝိုင်းကျင်းပရခြင်း၏ရည် ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


        ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ Ra EC ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဉာဏ်ထွန်းက ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ်ပါဝင်ဆောင် ရွက်ကာ Grade-12မှ မောင်သက်နိုင်ဦးကလူငယ်နှင့်စာပေ၊Grade-12 ကျောင်းသူ မခင်မေအောင်က လူငယ်နှင့်စာရိတ္တGrade-12 ကျောင်းသူမိုင်အေးနီလာက လူငယ်နှင့်မူးယစ်ဆေးဝါး၊Grade-12ကျောင်းသားမောင်ထွန်းနိုင်စိုးကလူငယ်နှင့်နည်းပညာ၊ Grade-12 ကျောင်းသားမောင်ဟိန်းထက်အောင်က လူငယ်အား ကစားနှင့်ကျန်းမာရေး၊ Grade-12 ကျောင်းသားမောင်ထက်ပိုင်စိုးကကလူငယ်နှင့်ယဉ်ကျေးမှု၊Grade -12 ကျောင်းသားမောင်ဟိန်းထက်အောင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်း သား၊ ကျောင်းသူများက သိရှိလိုသည်များအားမေးမြန်းကြရာ ကျောင်အုပ်ဆရာကြီးဦးဉာဏ်ထွန်းနှင့်မြို့နယ်ဦးစီးမှူးဦးစန်းဝင်း မှ ပြန် လည်ဖြေကြားခဲ့ကြသည်။ 


ထို့နောက် လူငယ်အသိပညာပေးဟော ပြောပွဲကျင်းပခဲ့ရာကျောင်းအုပ်ဆရာ ကြီးဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်ကျောင်းသားကျောင်းသူ များအနေဖြင့် လူငယ်ဘဝမှပင် ဗလငါးတန်နှင့်ပြည့်စုံသည်လူငယ်များဖြစ် လာစေရန်ကြိုး စားသင် ယူကြစေလိုကြောင်းလူငယ်စကားဝိုင်းမှရရှိ သောအသိပညာဗဟုသု တများကိုလေ့လားမှတ်သားကြပြီးလိုက် နာကျင့်သုံးကြစေလိုကြောင်းအချိန်ကိုအကျိုးရှိရှိအသုံးချကြရန်နှင့် လူငယ်နှင့်ပညာရေးခေါင်းစဥ် ဖြင့်ပြောကြားခဲ့သည်။


ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ကျောင်းသား ကျောင်းသူများအား လူငယ်တွေအောင် မြင်ရေးနည်းလမ်းနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအတွက်နိုင်ငံတော်၏ လူမှုရေးဦး တည်ချက် တတိယအချက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူ ငယ်များအနေဖြင့် အဓိကစွမ်းအားစုအ ဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူ ငယ်များဖြစ်စေရန် လူငယ်က ဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့်အချက်ချမှတ်ထားပါကြောင်း ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ပညာတတ် မြောက်မှုက အလွန်ပင်အရေးကြီးပါကြောင်းအထူးသဖြင့် မိမိတို့နိုင်ငံရဲ့ လူ ဦးရေ သုံးပုံတစ်ပုံက လူငယ်တွေဖြစ်ကြပြီး လူငယ်တွေ ပညာတတ်မြောက်မှုမြင့်မားမှသာတိုင်းပြည် ၏ အနာဂတ်က ဖွံ့ ဖြိုးသာယာမှာဖြစ်ကြောင်းနှင့် ၂၁ ရာစုလူငယ်မျိုးဆက်သစ်နှင့်နည်းပညာ အ ကြောင်းအရာများအားဆွေးနွေးပြောကြားခဲ့သည်။


       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက  လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်း သူများအား အ မှတ်တရ လက်ဆောင်ပစ္စည်းများပေး အပ်ချီးမြှင့် ၍ ကျောင်းသား၊ ကျောင်း သူ များသည် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့်  ကလေးအလုပ်သမားပ ပျောက်ရေး၊လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာ စောင်​ြပသထားမှုများတို့အား စိတ် ပါဝင်စားစွာဖြင့် လေ့ လာကြည့်ရှုခဲ့ကြသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)