ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊  စက်တင်ဘာ  ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က “ရုံးလုပ်ငန်းလက်စွဲ” စာအုပ် အခန်း(၇)မှ “ရုံးစာရေးသားနည်း”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များအား ထပ်မံ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက “ရုံးစာရေးသားနည်းအမျိုးအစားများ၊ စာအထားအသို၊ အကြောင်းအရာခေါင်းစဉ်တပ်ခြင်း” စသည့်ခေါင်းစဉ်ပါအကြောင်းအရာများအား လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ)ဦးဇော်လင်းက “စာတမ်း၊ အကျဉ်းချုပ်စာ၊ အတိုချုံးရေးစာ” စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများအား လည်းကောင်း ဖတ်ကြားပြီး  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်နှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် ရုံးလုပ်ငန်းနှင့်ပတ်သက်သည့်အကြောင်းအရာများ ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)