MNP ၊ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းရာသီ ဆီထွက်သီးနှံများ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းနှင့်ပတ်သက်၍ မြို့နယ်ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးကျော်ထွန်းလင်းက ဆောင်းရာသီ ဆီထွက်သီးနှံများ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အစည်းအဝေးတွင် မြို့ရပ်ကွက်၊ ရဟိုင်ကွင်းကျေးရွာ၊ ရွှေဦးကွင်းကျေးရွာ၊ ကိုင်ခုံကျေးရွာနှင့် ရတနာမြိုင်ကျေးရွာများရှိ ဆီစက်လုပ်ငန်းရှင်(၆)ဦးအနေဖြင့် ကျေးရွာများတွင် မြေပဲအမှန်တကယ်စိုက်ပျိုးသည့် တောင်သူများကိုသာရွေးချယ်ရန်၊ တောင်သူများလက်ဝယ်သို့ သွင်းအားစုများပေးပြီး တောင်သူများမှ ထွက်လာသည့် သီနှံများကို တစ်ဧက၃သိန်းနှုန်းဖြင့် ညီမျှသည့် မြေပဲကို ဆီစက်လုပ်ငန်းရှင်များထံ ပေးသွင်းရမည် ဖြစ်ကြောင်းနှင့် ၃သိန်းဖိုးနှင့် ညီမျှသည့် သွင်းအားစုကို စီမံချက်ရေးဆွဲတင်ပြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment