MNP ၊ စက်တင်ဘာ ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သပိတ်ကျင်းမြို့နယ်၊ ဖော့တောကျေးရွာအနီးတွင် ၁၈-၉-၂၀၂၃ ရက်နေ့ ညက မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မအေးစန္ဒာ ၏ ခရီးဆောင်အိတ် အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၅၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၁၂၄၀ အချိန် ၎င်းငှားရမ်းနေထိုင်သည့် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၄ x ၅၅ လမ်းကြား၊ ၂၉(c)လမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မနှင်းနှင်းဦး အား မြန်မာငွေကျပ် ၈၅ သိန်း၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိ တရားခံ မအေးစန္ဒာ(၂၈)နှစ် နှင့် မနှင်းနှင်းဦး(၃၄)နှစ်တို့အား သပိတ်ကျင်းမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment