တောင်ကုတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)စတင်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)စတင်ထိုးနှံပေးလျက်ရှိ






MNP ၊  စက်တင်ဘာ  ၂၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက် (၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန် အမှတ်(၁)၊ အခြေခံပညာ အထက်တန်း ကျောင်း ပညာရတနာခန်းမ၌စတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။


ထိုသို့ထိုးနှံပေးရာတွင်ကျန်းမားရေးဝန်ထမ်းများကအမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းရှိ Grade- 3 ၊ Grade- 4 နှင့် Grade- 5 တွင် ပညာသင်ကြားနေကြသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သောကျောင်းသူ(၁၁၇)ဦးအားသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြကြောင်းသိ ရသည်။


ကာကွယ်ဆေးထိုးနှံရာသို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လှထွန်းဇော်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)