MNP ၊ စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စက်တင်ဘာ ၂၈ရက်နေ့တွင် ကျရောက်သော (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (ခွေး၊ကြောင်) များအား ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ လိုက်လံထိုးနှံဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါခွေးရူးရောဂါကာကွယ်ဆေး အခမဲ့လိုက်လံထိုးနှံဆောင်ရွက်ပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာထက်ယမုံဦးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် နတ်စင်ကုန်းကျေးရွာအတွင်းရှိ (ခွေး၊ကြောင်) အကောင်ရေ ၅၀ အားခွေးရူးရောဂါဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့လိုက်လံထိုးနှံပေးခဲ့ပြီး၊ ခွေးရူးရောဂါကာကွယ်ဆေးသည် တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်ထိုးနှံပေးရခြင်းဖြစ်ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်အား ပြည်သူများကကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ
https://t.me/MyanmarNationalPost
No comments:
Post a Comment