MNP ၊ စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ကျိုက်ထိုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုမြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူးက အမျိုးသမီးများ၏ အခွင့်အရေးသည် လူ့အခွင့်အရေးပင်ဖြစ်ကြောင်း၊ ယနေ့ကာလတွင် ကြိုတင်ခန့်မှန်း၍မရနိုင်သော အခက်အခဲများကြားတွင် အမျိုးသမီးများအနေဖြင့် ကျား/မ တန်းတူအခွင့်အရေးရရှိရေး၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလို ကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်သီတာလွင် (ဦးစီးအရာရှိ- မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန)က အမျိုးသမီးများ ဖွံ့ဖြိုးရေးအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော ကော်မတီဝင်များမှ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment