MNP ၊ စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၁၇)ကြိမ်မြောက်(World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကဆောင်ရွက်ခဲ့သည်။
ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးချမ်းဝင်း နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ ခွေး(၂၆)ကောင်နှင့် ကြောင် (၄)ကောင်စုစုပေါင်း အကောင် (၃၀)အား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။ "ခွေးရူးရောဂါတိုက်ဖျက်ရေး၊တက်ညီလက်ညီကာကွယ်ပေး၊ တစ်ခုတည်းသော ကျန်းမာရေး" ALL FOR 1 ONE HEALTH FOR ALL ဆောင်ပုဒ်နှင့်အညီ သက္ကရာဇ်၂၀၃၀ တွင် ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန်ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့်ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန်၊ တိရစ္ဆာန်များမှတစ်ဆင့် ရောဂါကူးစက်မှုမရှိစေရန် ကာကွယ် ဆေးများအခမဲ့ထိုးနှံခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment