MNP ၊ စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ အောင်မျိုးသန့်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း( ၁၇၇) ကျောင်းမှ ကျောင်းသူလေးများအား စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉)ရက်နေ့အထိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ အသက် ၉ နှစ်မှ ၁၂ နှစ်မကျော်သောကျောင်းသူ (၂၂၄၃)ဦးကို သတ်မှတ်ရာနှုန်းပြည့် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ဆရာမကြီး များ နှင့် ဆရာမများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment