ရွှေတောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းများကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းများကွင်းဆင်းဆောင်ရွက်





MNP ၊  စက်တင်ဘာ  ၂၉

ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာများသို့ အရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူ ဦးဆောင်၍ ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်နှင့် ဝန်ထမ်းများက ရွှေတောင်မြို့နယ် ၊ ကွေ့မအုပ်စု၊ ကွေ့မကျေးရွာ၊ မမဲအုပ်စု၊ မမဲလေးကျေးရွာ နှင့် အောင်မင်္ဂလာ ၊ နွားမယံအုပ်စု ၊ဖိုးသိန်းတန်ကျေးရွာများရှိကျေးရွာနေ တောင်သူများအားတွေ့ဆုံ၍ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ် ချေးပေးခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်များ အားရှင်းလင်း ဆွေးနွေးခြင်း၊ တစ်ရွာချင်း အလိုက် ချေးငွေများထုတ်ပေးခြင်း၊ အသေးစား စိုက်ပျိုးရေး၊ မွေးမြူ‌‌ရေးလုပ်ငန်းများကို ကွင်ဆင်း ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းနှင့် ကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရွှေတောင်မြို့နယ်အတွင်းရှိ လျာထားကျေးရွာ(၄၃)ရွာအနက် ကျေးရွာ ( ၁၇)ရွာသို့ကွင်းဆင်း၍ ရန်ပုံငွေ စုစုပေါင်း (၆၉၀.၁)သန်းထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိ ကျေးရွာများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြာင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)