MNP ၊ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ အမ်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟော ပြောပွဲနှင့်လူငယ်စကားဝိုင်းကို ယမန်နေ့
နေ့လည်ပိုင်းက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်း မြို့နယ်လက်ထောက်ပညာရေးမှူး ပြန် ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းနှင့်ဝန် ထမ်းများ၊အမှတ်(၁)အခြေခံ ပညာအ ထက် တန်းကျောင်းမှ ကျောင်း အုပ်ဆရာကြီးဦးဝင်းနိုင်စိုးဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
လူငယ်အသိပညာပေးဟော ပြောပွဲအခမ်းအနားတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် ကျောင်း သားကျောင်းသူများအနေဖြင့် လူငယ်ဘဝမှပင် ဗလငါးတန်နှင့်ပြည့်စုံသည်လူငယ်များဖြစ်လာစေရန်ကြိုး စားသင် ယူကြစေလိုကြောင်းလူငယ်စကားဝိုင်းမှရရှိသောအသိပညာဗဟုသု တများကိုလေ့လားမှတ်သားကြပြီးလိုက် နာကျင့်သုံးကြစေလိုကြောင်းအချိန်ကိုအကျိုးရှိရှိအသုံးချကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ကျောင်းသား ကျောင်းသူများအား လူငယ်တွေအောင် မြင်ရေးနည်းလမ်းနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအတွက်နိုင်ငံတော်၏ လူမှုရေးဦး တည်ချက် တတိယအချက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူ ငယ်များအနေဖြင့် အဓိကစွမ်းအားစုအ ဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူ ငယ်များဖြစ်စေရန် လူငယ်က ဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့်အချက်ချမှတ်ထားပါကြောင်း ခေတ်သစ်လူ့အဖွဲ့ အစည်းမှာ ပညာတတ် မြောက်မှုက အလွန်ပင်အရေးကြီးပါကြောင်းအထူးသဖြင့် မိမိတို့နိုင်ငံရဲ့ လူ ဦးရေ သုံးပုံတစ်ပုံက လူငယ်တွေဖြစ်ကြပြီး လူငယ်တွေ ပညာတတ်မြောက်မှုမြင့်မားမှသာတိုင်းပြည် ၏ အနာဂတ်က ဖွံ့ ဖြိုးသာယာမှာဖြစ်ကြောင်းနှင့် ပညာဖြင့် လူမှုဘဝ ကျေးလက်ဘဝ မြှင့်တင်ခြင်းအကြောင်းအရာများအားဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီးလူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏အဓိက ရည်ရွယ်ချက်မှာအနာဂတ် တိုင်း ပြည်တာဝန်များကိုပခုံးပြောင်းထမ်းရွက်ကြမည့်ကျောင်းသားကျောင်းသူ လူငယ် များ၊ မိမိဒေသမှာ ခေါင်ဆောင်တာဝန်ယူကြမဲ့လူငယ်များ အသိပညာဗဟုသု တတိုးပွားစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေး နွေးတတ်သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊စဉ်းစား တွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေပြီး အကောင်း အဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ် ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် စကားပြောဆိုခွင့်ကြုံ ကြိုက်တဲ့အခါ ပြောရဲ ဆိုရဲသည့်သတ္တိ ရှိလာစေပြီး ပြောတတ်ဆိုတတ်စေရန်၊နှုတ်မှု စွမ်းရည်များတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်းလူငယ်စ ကားဝိုင်းကျင်းပရခြင်း၏ရည် ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်အမှတ်(၁) အထက Grade-11မှ မခင်ပပလှိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ်ပါဝင်ဆောင် ရွက်ကာ လူငယ်၊ အားကစားနှင့်ကျန်းမာရေး အကြောင်းအရာများကိုလည်းကောင်း Grade-11 ကျောင်းသားမောင်သိန်းထိုက် စံ ကလူငယ်နှင့်ဗလငါးတန်၊ Grade-10 ကျောင်းသူ မသင်္ဂီကိုက လူငယ်နှင့်မူး ယစ်ဆေး၊Grade-10 ကျောင်းသူ မခင်ငြိမ်းငြိမ်းသူ ကလူငယ်နှင့်အားကစား၊Grade -10 ကျောင်းသားမောင်ကောင်းခန့်ဇော်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်း သား၊ ကျောင်းသူများက သိရှိလိုသည်များအားမေးမြန်းကြရာ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းနှင့် ဆွေးနွေးသူများမှ ပြန် လည်ဖြေကြားခဲ့ကြသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူးက လူ ငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်း သူများအား အမှတ်တရ လက် ဆောင်ပစ္စည်းများပေး အပ်ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပ ပျောက်ရေး၊လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာ စောင်နှင့် စာအုပ်စာစောင်ြပသထားမှုများတို့အား စိတ် ပါဝင်စားစွာဖြင့် လေ့ လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများမှကျောင်းသားကျောင်း သူများ အားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိ ပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment